သင့်ကလေး စာဖတ်ပျော်အောင် မဖြစ်မနေ သင်လုပ်ရမယ့် အချက် (၃) ချက်

play

၁ - ဖတ်ပြ
သင်ဖတ်နိုင်သလောက် ဖတ်ပြပါ။ ရုပ်ပုံစာအုပ်တွေက စပြီး ပုံပြင်စာအုပ်တွေထိ သူတို့ အသက်အရွယ်ကြီးတဲ့ထိ မစောင့်ဘဲ စောစောဖတ်ပြလေ ကောင်းလေပါပဲ။ အတတ်နိုင်ဆုံးလည်း သင်ဖတ်နိုင်သလောက် အချိန်ပေးပြီး ဖတ်ပြပါ။
၂ - အတူဖတ်
play

သူတို့ စာဖတ်တတ်တဲ့အရွယ်ရောက်တဲ့ အခါ သင့်ဘက်က ဖတ်ပြတဲ့ အကျင့်ကို စွန့်လွှတ်လိုက်တာမျိုး မလုပ်ပါနဲ့။ သူတို့နဲ့ အတူဖတ်ပါ။ တစ်ယောက်တစ်ကြောင်းဖတ်တာမျိုး၊ သူဖတ်တာကို နားထောင်တာမျိုး လုပ်ပါ။ သူတို့ အသက်အရွယ်နဲ့လိုက်ဖက်မယ့် စာအုပ်တွေကို လွယ်လွယ်ကူကူရှာနိုင်အောင်လည်း သင့်ဘက် ဖန်တီးပေးရပါမယ်။
၃ - သူတို့နားမှာဖတ်
play

သူ့တို့ကို ဖတ်ပြတာမဟုတ်ပေမဲ့ သင်စာဖတ်တဲ့အခါ သူတို့နားမှာ ဖတ်ပါ။ မိခင်တွေ၊ဖခင်တွေ စာဖတ်တာကို မြင်တဲ့ကလေးတစ်ယောက်ဟာ စာဖတ်ခြင်းကို လုပ်ရမယ့် အလေ့အကျင့်တစ်ခု အဖြစ်မြင်လာပါတယ်။
Photos & Source: Lifehack
Share on Google Plus

About Myanmar Magazine