အသင်းနိုင်ပွဲရပြီးနောက် ဇနီးသည်နှင့် အောင်ပွဲခံဗီဒီယိုကို လူမှုကွန်ယက်တွင် ဖာမီနို လွှင့်တင်

play

ဆန်းဒါးလန်းအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ လီဗာပူးအသင်းကစားသမား ဖာမီနိုက သူ့ရဲ့ဇနီးသည်နဲ့အတူ အောင်ပွဲခံ ဗီဒီယိုကို လူမှုကွန်ယက်ပေါ် လွှင်တင်လိုက်ကြောင်း သိရပါတယ်။
play

ဖာမီနိုက လီဗာပူးအသင်းအတွက် ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့နိုင်ပွဲအတွက် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ တရားဝင်အင်စတာဂရမ်အကောင့်ကနေတဆင့်  စက္ကန့်ပိုင်းသာကြာမြင့်တဲ့ ဗီဒီယိုဖိုင်အတိုတစ်ခုကို လွှင့်တင်ခဲ့တာဖြစ်ပြီး နောက်ခံသီချင်း ကျယ်ကျယ်လောင်လောင်ကို ကြားခဲ့ရပါသေးတယ်။ ဘရာဇီးလက်ရွေးစင် ဖာမီနိုရဲ့အနောက်မှာ သူ့ရဲ့ဇနီးသည် ဖြစ်သူက ထိုင်နေခဲ့တာဖြစ်ပါတယ်။

ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ဖာမီနိုက ၈၇ မိနစ်ပါဝင်ကစားခဲ့ပြီးနောက် လူးကပ်စ်နဲ့ လူစားလဲခဲ့ခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ ဖာမီနိုဟာ ခြေထောက်ဒဏ်ရာ အသေးစားရရှိခဲ့ပြီး ဘယ်လောက်ကကြာကြာ နားရမလဲဆိုတာကိုတော့ အသင်းဘက်က ထုတ်ပြောခြင်း မရှိသေးပါဘူး။ စက္ကန့်ပိုင်းသာ ကြာမြင့်တဲ့ ဖာမီနိုနဲ့ သူ့ရဲ့ဇနီးဖြစ်သူ လာရီဆာတို့ရဲ့ အောင်ပွဲခံပုံဟာ လူမှုကွန်ယက်မှာ ပရိသတ်သဘောကျခဲ့ပါတယ်။
Source : Daily Mail
Share on Google Plus

About Myanmar Magazine