တစ်ယောက်သီချင်း တစ်ယောက်ဆိုကာ လေ့ကျင့်ခန်းလုပ်ကြတဲ့ ဒရိတ်ခ်နဲ့တေလာဆွစ်

ယခုလအစောပိုင်းက ဒရိတ်ခ်နဲ့ တေလာဆွစ်တို့ ဘာလိုလိုဖြစ်နေကြပြီဆိုတဲ့ ကောလာဟလတွေ အတော်ထွက်ခဲ့ပါတယ်။ တေလာဆွစ်ဘက်က ဘာမှမပြောပေမဲ့ ဒရိတ်ခ်ကတော့ အလုပ်တွဲလုပ်နေရုံသာဆိုပြီး ငြင်းခဲ့ပါတယ်။ ခုတော့ နှစ်ယောက်သား တစ်ယောက်သီချင်း တစ်ယောက်က ဆိုနေကြပြန်ပါပြီ။
play

တေလာဆွစ်က သူမရဲ့လူမှုကွန်ရက်တွေပေါ်ကို ဒရိတ်ခ်လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယို share ထားပါတယ်။ ဗီဒီယိုထဲမှာတော့ ဒရိတ်ခ်က တေလာဆွစ်ရဲ့ Bad Blood သီချင်းကိုဖွင့်ပြီး လေ့ကျင့်ခန်းလုပ်နေတာပါ။ သီချင်းကို အားပါးတရလိုက်ရင်း ကလိုက်ပါသေးတယ်။ အလေးကို သေသေချာချာ ပင့်မြှောက်ဖို့ထက် သီချင်းကိုအာရုံရောက်နေလို့ ဒုက္ခများသွားရပါသေးတယ်။
play

ထိုနည်းတူစွာပဲ တေလာဆွစ်ကလည်း လေ့ကျင့်ခန်းမလုပ်မီ ဒရိတ်ခ်ရဲ့ Jumpman သီချင်းကိုအရင်ဖွင့်လိုက်တာပါ။ ခြေဟန်လက်ဟန်တွေနဲ့ သီချင်းလိုက်ဆိုကာ ပြေးစက်ပေါ်မှာ ပြေးနေရင်း ပြုတ်ကျသွားတဲ့အထိပါပဲ။ တေလာနဲ့ ဒရိတ်ခ်တို့ဟာ Apple Music အတွက် ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
Souce : Extra  Credit :duwun
Share on Google Plus

About Myanmar Magazine