ဆယ်ကျော်သက် ကျောင်းသားနှင့် လိင်ဆက်ဆံခဲ့သည့် ဆရာမ ထောင်ဒဏ် နှစ် ၃၀ ကျခံရနိုင်

teacher-who

အလက်ဆန်ဒရီရာဗီရာလို့ခေါ်တဲ့ အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာမတဦးဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတဦးနဲ့ လိင်ဆက်ဆံခဲ့လို့ ကိုယ်ဝန်ဆောင်ခဲ့ရပြီးနောက် အမြင့်ဆုံး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် တရားစွဲမှုကို အယူခံဝင်ခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ် ကျောင်းသားနဲ့ နေ့စဉ်လိုလို လိင်ဆက်ဆံခဲ့ပြီး ကိုယ်ဝန်ရလာတဲ့ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်က ဆရာမဟာ ထောင်ဒဏ် နှစ် ၃၀ ကျခံရနိုင်ဖွယ်ရှိတဲ့ အမှုနဲ့ တရားရင်ဆိုင်နေရတယ်လို့ The Sun ရဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအမှုဟာ တသက်တစ်ကျွန်းထောင်ဒဏ် ကျခံဖွယ်ရှိပေမယ့် တရားစွဲဆိုသူတွေဖက်က သူမရဲ့ထောင်ဒဏ်ကို နှစ် ၃၀ ထိကျခံရန်ဆိုပြီး ဆရာများ ဥပဒေဆိုင်ရာအဖွဲ့နဲ့ တရားစွဲဆိုသူကြား အယူခံတင်သွင်းမှု ညှိနှိုင်းနိုင်ခဲ့ပါတယ်။

ဆရာမနဲ့ ဆယ်ကျော်သက်ကျောင်းသားရဲ့ ဆက်ဆံရေးဟာ ၉ လ ကြာမြင့်ခဲ့တယ်လို့ ရဲတွေက ပြောလိုက်ပါတယ်။

သူမဟာ ဟူစတန်စတော်ဗယ် အလယ်တန်းကျောင်းမှာ ၇ တန်းကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပြသူဖြစ်ပြီး ဆယ်ကျော်သက်ကျောင်းသားနဲ့ ၂၀၁၅ ခုနှစ်မှာ တွေ့ခဲ့ပြီး အဲဒီနောက် သူတို့ ၂ ဦးဟာ ဖုန်းနံပါတ်တွေ ဖလှယ်ခဲ့ကြတာပါ။

ဆရာမဗီရာဟာ ဆယ်ကျော်သက်ကျောင်းသားရဲ့ အိမ်ကိုသွားပြီးကြိုတယ် ပြီးရင် နေရာအနှံ့ကားမောင်းပြီး အဲဒီနေ့မှာ စတင်အနမ်းပေးခဲ့ကြတယ်လို့လည်း တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။

နောက်တနေ့မှာတော့ ကောင်လေး မိဘတွေ မရှိချိန် သူမက ကောင်လေးရဲ့အိမ်ကို သွားပြီး ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံခဲ့ကြတာလို့ဆိုပါတယ်။

ဗီရာက ဆယ်ကျော်သက်ကောင်လေးနဲ့ “နေ့တိုင်းနီးပါး သူမရဲ့ အိမ်မှာ လိင်ဆက်ဆံခဲ့ကြလို့” Aldine Independent School ခရိုင်ရဲကို ပြောခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာတော့ သူမမှာ ကိုယ်ဝန်ရလာပြီး တရားရုံးမှတ်တမ်းတွေအရ ဆယ်ကျော်သက်ကောင်လေးရဲ့ မိဘတွေက သူတို့ရဲ့သားနဲ့ရရှိတဲ့ သူမရဲ့ကိုယ်ဝန်ကို ဂရုစိုက်တယ် စိတ်လှုပ်ရှားကြတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ သူမ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။

အစပိုင်းမှာ ဗီရာက သူမ ဘာအမှားမှ လုပ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ရဲတွေက သူမရဲ့ဖုန်းမှာ သူတို့ ၂ ဦးရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သက်သေခံတွေကို ရှာတွေခဲ့တာပါ။

သူမကို လာမဲ့ ဇန်နဝါရီမှာ ပြစ်ဒဏ်ချမှတ်မယ်လို့ သိရပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine Onilne