Breaking News

ကမ္ဘာ့စံချိန်တင်အသင်း အပြောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး အက်ဘရူ အားကစား နိုင်ငံတကာ



 အယ်ဆာဗေးဒိုးကလပ် Santa Tecla အသင်းမှ ဘရာဇီးကလပ် ဘန်ဂူအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဆီဗက်စတီယန်အက်ဘရူသည် ကမ္ဘာ့စံချိန်တင် အသင်းအပြောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

၁၉၉၅ ခုနှစ် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို စတင်ခဲ့သည့် အက်ဘရူသည် သူ၏ကစားသမားဘ၀ သက်တမ်းတစ်လျှောက်တွင် နိုင်ငံပေါင်း ၉ နိုင်ငံရှိ ကလပ်အသင်းပေါင်း ၂၃ သင်းသို့ အပြောင်းအရွှေ့ ၂၈ ကြိမ် ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် အက်ဘရူသည် ၂၀၁၁ ခုနှစ် ကိုပါအမေရိကဖလားရရှိခဲ့သော ဥရုဂွေးလက်ရွေးစင်အသင်း၏ အသင်းသားတစ်ဦးဖြစ်သည်။ အက်ဘရူသည် အသင်းတစ်သင်းတွင် ၂ နှစ်ထက် ပိုကစားခဲ့ခြင်းမရှိသလို အငှားသွားရောက်ကစားရသည့် အကြိမ်ကလည်း ၁၂ ကြိမ်အထိ ရှိခဲ့သည့်အတွက် ယခုကဲ့သို့ စံချိန်မှတ်တမ်းရရှိခဲ့ခြင်းဖြစ်သည်။

၎င်း၏ပြောင်းရွှေ့ကြေးစုစုပေါင်းတန်ဖိုးမှာမူ ပေါင် ၆.၅၅ သန်းသာ ရှိခဲ့သည်။ ထိုအသင်းပေါင်း ၂၃ သင်းတွင် အက်ဘရူသည် ပွဲပေါင်း ၂၅၁ ပွဲကစားပေးခဲ့ပြီး ၉၄ ဂိုးသွင်းယူခဲ့သည်။ ဥရုဂွေး လက်ရွေးစင် အဖြစ် ၁၉၉၆ မှ ၂၀၁၂ ခုနှစ်အထိကစားခဲ့ပြီး ပွဲ ၇၀ တွင် ၂၆ ဂိုးသွင်း ယူပေးနိုင်ခဲ့သည်။

Credit :mizzimaburmese