သတ်မှတ်ပမာဏအတိုင်း ငွေမရှာနိုင်လို့ အရောင်းဝန်ထမ်းတွေကို တီကောင်နဲ့ အရက် ရောတိုက်တဲ့ တရုတ်ကုမ္ပဏီ



တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုဟာ သတ်မှတ်ပမာဏပြည့်အောင်
ငွေမရှာနိုင်တဲ့ အရောင်းဝန်ထမ်းတွေကို အပြစ်ပေးတဲ့ အနေနဲ့
တီကောင် အရှင်တွေ စားခိုင်းပြီး အရက်ခပ်ပြင်းပြင်း
သောက်ခိုင်းတယ်လို့ China News Service က ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ ရှန်ရှီးခရိုင် ဟန်ကျုံးမြို့လယ်က ပလာဇာမှာ အဲဒီကုမ္ပဏီက လူငယ်အလုပ်သမား ၆၀ ကျော် အစည်းအဝေးလုပ်ခဲ့ပါတယ်။ အလုပ်သမားတွေ အစည်းအဝေး လုပ်တဲ့နေရာကို အိတ်တွေ သယ်လာတဲ့ လူတစ်ယောက် ရောက်လာပြီး သူ့အိတ်ထဲမှာ တီကောင်တွေ၊ ၀ါးတူတွေ၊ ခွက်တွေနဲ့ baijiuလို့ အမည်ရတဲ့ တရုတ်အရက် ခပ်ပြင်းပြင်းတွေ ပါလာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီနောက်မှာ သတ်မှတ်ပမာဏအတိုင်း ငွေမရှာနိုင်တဲ့ အလုပ်သမားတွေကို အရောင်းဝန်ထမ်းအဖွဲ့ ခေါင်းဆောင်က နာမည်ခေါ်ပြီး တီကောင်တွေနဲ့ အရက် ရောသောက်စေခဲ့ပါတယ်။ အလုပ်သမား ၅ယောက်၊ ၆ ယောက်ကတော့ ဒီအပြစ်ပေးမှုကို လက်ခံခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကိုတော့ ဗိုက်ထဲက ကလေးထိခိုက်မှာ စိုးရိမ်လို့ အပြစ်မပေးခဲ့ဘူးလို့ China News Service က ဖော်ပြပါတယ်။
အရောင်းကုမ္ပဏီက အလုပ်သမား တစ်ယောက်ကတော့ အရောင်းဝန်ထမ်းတွေဟာ ဖောက်သည်တစ်ယောက်ကို ဆုံးရှုံးတာနဲ့
တီကောင်လေးကောင် စားရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ တီကောင်တွေကို စားရင် ကျန်းမာရေး ကောင်းမွန်စေ တယ်ဆိုတဲ့ အယူအဆတစ်ရပ် ရှိတယ်လို့ သိရပါတယ်။

#​မောင်​ယဉ်​(ပစ်​တိုင်း​ထောင်​)
Credit : Pyit Tine Htaung


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.