Breaking News

သုံးရက်အတွင်းမှာ အဆိပ်ပြင်းမြွေကိုက်တာ နှစ်ကြိမ်တိုင်တိုင်ခံရပေမဲ့ မသေတဲ့လူ

သြစတြေးလျနိုင်ငံက ဆယ်ကျော်သက်တစ်ဦးဟာ သုံးရက်အတွင်းမှာ အဆိပ်ပြင်းမြွေ နှစ်ကြိမ်တိုင်တိုင် အကိုက်ခံခဲ့ရပေမဲ့ အသက်ရှင်နိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်ကောင်လေးဟာ သောကြာနေ့တုန်းက ကွင်းစလန်းက လယ်ကွင်းတွေမှာ အပင်တွေခုတ်ထွင်ရှင်းလင်းနေရင်း ညာခြေထောက်ကို မြွေကိုက်ခံလိုက်ရပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေက သူ့ကို ရဟတ်ယာဉ်နဲ့ခေါ်ကာ ပြည်နယ်ဆေးရုံကို အချိန်မီတင်ပို့ခဲ့လို့သာ အသက်ရှင်ခဲ့ရတာပါ။
play

အဲဒီနောက် ဆေးရုံကဆင်းပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာလည်း သူမြွေကိုက်ခံခဲ့ရတဲ့လယ်ကွင်းထဲ အလုပ်လုပ်နေရင်း နောက်တစ်ကြိမ် မြွေကိုက်ခံရပြန်ပါတယ်။ အညိုရောင်မြွေတစ်ကောင်က သူ့ရဲ့ဘယ်လက်မောင်းကို ကိုက်သွားခဲ့တာပါ။ ဒီတစ်ကြိမ်မှာလည်း ကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့ပဲ ဆေးရုံကိုအချိန်မီရောက်လို့ အသက်မပျောက်ခဲ့ရတာပါ။ ပထမကိုက်တဲ့မြွေနဲ့ ဒုတိယကိုက်တဲ့မြွေက မတူပါဘူး။ ဒုတိယကိုက်တဲ့မြွေဟာ အရှေ့ပိုင်းအညိုရောင်မြွေမျိုးဖြစ်ပြီး ကမ္ဘာ့ဒုတိယအဆိပ်ပြင်းဆုံးမြွေလည်း ဖြစ်ပါတယ်။
Source : Telegraph   Credit :duwun