Breaking News

မိန်းက​လေး တွေကို ဦးစားပေးကာ အလုပ်ခန့်ရသည့် အကြောင်းရင်း

woman-in-work

မိန်းကလေး တွေကို ဦးစားပေးကာ အလုပ်ခန့်ရသည့် အကြောင်းရင်းမြန်မာပြည်က အသက် 20ကျော် 30ကြားယောင်္ကျားလေးအများစုက အဲဒိ အသက်အရွယ်တူ မိန်းကလေးတွေနဲ့ ယှဉ်ရင် ညံကုန်ကြပြီ လို့မှတ်ချက်ပေးရင် စိတ်ဆိုးကြမယ်ထင်တယ်။ကျွန်မ အွန်လိုင်းကနေ အလုပ်ခေါ်စာတင်ထားတယ်။ လျောက်ရမယ့်ရာထူး။ လုပ်ရမယ့်အလုပ်၊ ပို့ပေးရမယ့်အီးမေလ်းလိပ်စာ။ ဆက်သွယ်မေးမြန်းရမယ့် ဖုန်းနံပတ်ပါထည့်ထားတယ်။

အီးမေလ်ထဲဝင်လာတဲ့ အလုပ်လျောက်ဖောင်တွေကိုစစ်လိုက်တော့ မိန်းကလေးတွေက CV ကိုသေချာကျကျနနပြင်ဆင်ပို့ကြတယ်။မိန်းကလေးတစ်ယောက်တစ်လေကမှ ဖုန်းဆက်မေးမြန်းခြင်းမရှိဘူး။MICT Park ဆိုတာ ဘာတွေလုပ်တဲ့ကုမ္ပဏီဆိုတာ မိန်းကလေးတိုင်းနားလည်ကြပုံပဲ။ယောင်္ကျးလေးအီးမေလ်းတွေဖတ်ကြည့်
တစ်ယောက်ဆို CV က ၄ကြောင်းပဲပါတယ် လစာက လျောက်တဲ့ရာထူးနဲ့ မတန်မရာတွေတင်တယ်။

မလေးစားလောက်တဲ့ အရေးအသားနဲ့ CV ရေးတယ် ” အလုပ်ခန့်ပေးပါလိုစ်စ် စ် အလုပ်မရှိုလို့ပါနော်
တောင်းပန်ပါသည် ခင်ဗျာ ” ဆိုတာ မျိုးကျွန်တော် ဘွဲ့မရပါဘူး အလုပ်က ထမင်းကွေျးမှလုပ်မယ် ကျွန်တော်
ထမင်းချက်မစားလို့ပါ ဆိုတာမျိုးကျွန်တော့်ကို ဘာတွေပေးမယ်ဆိုတာသိချင်ပါတယ်ဆိုတာမျိုးတွေရေးတင်ကြတယ်။အင်တာဗျူးမှာတောင်းဆိုသင့်တာတွေကို မဆင်မခြင်ဖုန်းနဲ့မေးပြီးတောင်းဆိုကြတယ်။

နောက်ရှိသေးတာ ဖုန်းဆက်တာပဲ ည12နာရီလောက်ကြီးအရက်မူးသမားအသံနဲ့ဆက်တယ်
အလုပ်ဘယ်မှာလာလျောက်ရမလဲတဲ့။မေးစရာမလိုအောင် အလုပ်ခေါ်စာမှာ အကြောင်းအရာပြည့်စုံဖော်ပြပေးထားတာတောင်တနေကုန် ဖုန်းဝင်လာသမျှ အလုပ်အကြောင်းမေးနေတာလည်းယောကျာင်္းတွေချည်း။
ကြာတော့ ကိုယ်လည်းစိတ်မရှည်တော့ဘူး ။ယောကျာင်္းလေးမခန့်ပါဘူးဆိုပြီး နောက်ဝင်သမျှဖုန်းကို အဲလိုသာပြောပစ်လိုက်တယ်။
ဟိုတစ်ပတ်က ယောကျာင်္းလေးအချို့က ဖေ့ဘုတ်မှာ Postတင်ကြတယ်။မိန်းကလေးတွေကိုအလုပ်ခန့်ကြပြီး ယောကျာင်္းလေးတွေအလုပ်အကိုင်ရှားလို့လဲ။အခုနောက်ပိုင်း ကျွန်မတို့ကုမ္ပဏီလည်း မိန်းကလေးနဲ့ ယောကျာင်္းလေးယှဉ်လျောက်ရင် မိန်းကလေးသာ အရေးလုပ်ပြီးခန့်လိုက်တယ်။ယောကျာင်္းလေးခန့်လိုက်ရင် နည်းနည်းလေးလုပ်ရတာနဲ့ ကွန်ပလိန်းများပြီး အခွင့်အရေးတောင်းလွန်းတယ် ။ အလုပ်လက်ကြောမတင်းဘူး ။ ပင်ပန်းတယ် နေပူတယ် မိုးရွာတယ် နေမကောင်းခေါင်းကိုက် ဗိုက်အောင့်အစုံပဲ။သူတို့ကိုယ်သူတို့ သိပ်ချစ်တယ်လွန်း ညှာတာကြလွန်းအားကြီးကြတယ်။

မိန်းကလေးဆို တစ်လမှာ ဓမ္မတာလာတဲ့တစ်ရက်ပဲ အခွင့်အရေးပေးရတယ် ကျန်တာပြသာနာမရှိဘူး။အလုပ်ကိုလည်းစိတ်ဝင်တစားလုပ်ကြတယ်။တိုက်တိုက်ဆိုင်ဆိုက် ဒီနေ့တက္ကစီဌားစီးလာတော့ ကားဆရာကပြောတယ်
” အခုခေတ်မိန်းကလေးတွေသိပ်တော်တာပဲ။ အလုပ်၂မျိုး၃မျိုးလုပ်နိုင်တယ်။ သွက်လက်ဖျတ်လတ်နေတာပဲ။ ကျွန်တော့်သားဘွဲ့ရြ့ပီး ဘယ်အလုပ်မှ လက်ကြေတင်းအောင်မလုပ်ဘူး တစ်လ ၂လပြီးရင် အလုပ်ထွက်ရော
အကြောင်းပြချက် က သူ့အရည်အချင်းနဲ့အလုပ်နဲ့ မတန်ဘူးဆိုပဲဗျာ ။

အိမ်မှာ သူ့အတွင်းခံတောင် သူ့အမေ ကျတော်မိန်းမက လျော်ပေးရတယ်။ညနေကျရင် ဘိုကေကို ပြောင်နေအောင်ဖြီးပြီး ကောင်မလေးရုံးရှေ့ မှာသွားကြိုတယ်။ ကောင်မလေးထမင်းချိုင်ကိုဆွဲလို့ပေါ့ ကောင်မလေး က မနက်ကျရင် သင်တန်းတက်သေးတယ် ညနေကျူရှင်စာပြသေးတယ် တကယ်တော်တဲ့ကလေးမ ကျွန်တော့်သားလိုကောင်မျိုးနဲ့ညားမှာ ကျွန်တော်နှမြောတယ်ဗျာ ” တဲ့။

ယော်ကျားင်္လေးတွေရဲ့ အရည်အသွေးကျဆင်းရခြင်းအကြောင်းကို စဉ်းစားကြည့်တော့ ဘိန်းစားနဲ့ အရက်သမားတွေများလာတာကြောင့်လို့ ကျွန်မမြင်မိတယ်။ကျွန်မကိုယ်တိုင် သား၂ယောက်အမေနေရာမှာရှိနေတော့ ” ကျွန်မသားတွေကို ငယ်ငယ်တုန်းကတော့ ဟိုဟာကြီး ဒီဟာကြီးတွေဖြစ်စေချင်မိတယ်။ ကြီးလာတော့ ဘိန်းစားတွေ အရက်သမားတွေမြင်ရင် သြော် ငါ့သားတွေ သိပ်မတော်ရင်နေပါ ဘိန်းစားဆေးသမားအရက်သမားမဖြစ်ရင်တော်ပါပြီဆိုတဲ့ စိတ်က ကြီးစိုးသွားမိတယ် ။ အဲလိုနဲ့ပဲ ယောကျာင်္းလေးတွေညံသွားတယ်ထင်တာပဲ။

တက္ကစီဆရာက ဆက်ပြောသေးတယ် ” ကျွန်တော့်သားကို ကျွန်တော်ဆူရင်မိန်းမက မကြိုက်ဘူး၊ ရှင့်သား ဆေးလိပ်မသောက် အရက်မသောက် ဆေးမချ လောင်းကစားမလုပ်ပဲ ဒုက္ခမပေးပဲ အိမ်မှာထိုင်နေတာပဲ ကျေးဇူးတင်လိုက် ။ အဲလိုသာလုပ်နေရင်ကျွန်မတို့လင်မယား၂ယောက် ဘ၀ပျက်မယ် တဲ့ ဗျာ အင်းသူပြောတာလည်း ခပ်ဟုတ်ဟုတ်ပဲ” တဲ့ ။ကျွန်မဆိုလိုတာက ယောင်္ကျားလေးအားလုံးကို မဆိုလိုပါ။ တစ်ချို့တစ်ဝက်ကိုပြောတာပါ။

ကျွန်မရုံးက သတင်းထောက်ကြီးတွေ အယ်ဒီတာကြီးတွေ ဒီဇိုင်းနာများနဲ့ ဂျာကြီးတွေမပါ ပါဘူး။
သူတို့အားလုံးက တော်တန်ထက်မြက်ကြပါတယ်။

Credit to Tharyar Aye