ချစ်သူနဲ့အိပ်စက်ခဲ့သူရဲ့လည်ပင်းကို ဖိနပ်ကြိုးနဲ့ချည်ပြီး ညှစ်သတ်ခဲ့တဲ့ အမျိုးသား

Jennifer SmedleyJose Antonio Torres လို့ အမည်ရတဲ့ အမျိုးသားဟာ သူရဲ့ချစ်သူ Jennifer Smedley ရဲ့ ဖောက်ပြန်တဲ့ ကိစ္စကို ရိပ်မိသိရှိခဲ့ပါတယ်။ Jennifer ဟာ James Watrous နဲ့ ဖောက်ပြန်ခဲ့ပြီး ချစ်တင်းနှောခဲ့ကြတာကို Jose က သိခဲ့တာပါ။ ဒါကြောင့် မနာလိုအားကြီးစွာနဲ့ James ကို သတ်ဖို့ Jennifer နဲ့ ထောင်ချောက်ဆင် ဖမ်းစေခဲ့ပါတယ်။
Jennifer Smedley
Jennifer ကို James နဲ့ ဖလော်ရီဒါရှိ Denny တွေ့ရအောင် ချိန်းဆိုခိုင်းခဲ့ပါတယ်။ အဲဒီနောက် နှစ်ဦးသား တစ်နေရာကို ကားနဲ့ အရောက်မှာ Jose က ပြိုင်ဘက် James ရဲ့လည်ပင်းကို သွေးအေးအေးနဲ့ ဖိနပ်ကြိုးကိုအသုံးပြုပြီး ညှစ်သတ်ခဲ့တာဖြစ်ပါတယ်။
Jennifer Smedley
အဲဒီနောက် ၎င်းတရားခံဆုံတွဲဟာ လူသေအလောင်းကို စွန့်ပစ်ဖို့ အမြန်လမ်းမကြီးဘေးမှာ သင့်တော်တဲ့ နေရာ ရှာခဲ့ကြပါတယ်။ Casselberry နဲ့ အနီးအနားက တောအုပ်တစ်ခုမှာ အလောင်းကို အ၀တ်မဲ့စွန့်ပစ်ထားခဲ့ပါတယ်။ ဒီအတွက်ကြံရာပါ Jennifer ကို ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပြီး လူသတ်တရားခံ Jose ကိုတော့ ထောင်ဒဏ်တစ်သက်ပြင် သီးသန့်ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Jennifer Smedleyတရားစီရင်မှုမှာ သေဆုံးသူရဲ့ သမီးနှစ်တွေလည်း တက်ရောက်ကြားနာခဲ့ပြီး တရားခံနှစ်ယောက်အနက် တစ်ယောက်ကို ခွင့်လွှတ်လို့ရပေမယ့် အခြားတစ်ယောက်ကိုတော့ ညှာတာစရာအကြောင်း လုံးဝမရှိဘူးလို့ ပြောခဲ့ပါတယ်။ သူမတို့ရဲ့ ဖခင်ဟာ ဒီလောက်ရက်စက်တဲ့ အမျိုးသမီးကို ချစ်မိပြီး၊ ဂရုစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ အစစအရာရာ လုပ်ပေး
ကြောင်း၊ ဒါကို မချင့်မရဲဖြစ်မိကြောင်း ထွက်ဆိုခဲ့ပါတယ်

Credit:Shwemom

Share on Google Plus

About Myanmar Magazine