ပျော်ခဲ့သမျှတွေထက် ပိုပျော်နေရပါတယ်ဆိုသူလေး ချယ်ရီ

ဖေဖော်ဝါရီကတည်းက လီယမ်ပင်းန်နဲ့ ချစ်ကြိုးတွေရစ်နှောင်ခဲ့တဲ့ ချယ်ရီဟာ လက်ရှိမှာတော့ အတော်လေးကို ပျော်ရွှင်နေရတယ်လို့ ဆိုပါတယ်။ ချယ်ရီ့ကိုကြည့်လိုက်တိုင်းလည်း ပြုံးနေတာကို တွေ့ရမှာပါ။
" ကျွန်မအရင်တုန်းက ပျော်ခဲ့တာတွေထက် ပိုပြီးတော့ ပျော်ရွှင်နေရတယ်။ လက်ရှိအချိန်က ကျွန်မဘဝမှာ အရမ်းကိုကောင်းမွန်နေတဲ့ အချိန်ပါပဲ။ အသက် ၃၀ အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးကောင်းကောင်းမွန်မွန်သိလာတာလည်း သိပ်ကောင်းတဲ့အရာပဲလေ" လို့ Fabulous မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
play

ချယ်ရီဟာ ဘောလုံးသမား အက်ရှ်လေကိုးလ်နဲ့ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး လေးနှစ်အကြာမှာ ကွာရှင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဂျင်းဘန်းနတ်နဲ့ တစ်အိုးတစ်အိမ်ထူထောင်ပြီး ယခုနှစ်အတွင်းမှာ ထပ်မံကွာရှင်းပြတ်စဲကာ လက်ရှိမှာတော့ One Direction အဖွဲ့သား လီယမ်ပင်းန်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ ကိုယ်ဝန်လွယ်ထားရပြီလို့ သတင်းတွေထွက်နေပေမဲ့ ချယ်ရီရော လီယန်ကပါ အတည်မပြုသေးပါဘူး။ ဒါပေမဲ့ ချယ်ရီ့ဗိုက်ကလေးကတော့ ပိုပိုပူလာနေပါပြီ။
Source : Fabulous  Credit :duwun


Share on Google Plus

About Myanmar Magazine