ချစ်သူနဲ့ ကြာကြာလက်တွဲနိုင်ဖို့ သိထားသင့်တဲ့ အချက် (၅) ချက်

play

ခိုင်မြဲတဲ့ အချစ်ရေးကို လူတိုင်း လိုချင်ကြမှာ အသေအချာပါပဲ။ သာယာတဲ့ အချစ်ရေးဖြစ်ဖို့ဆိုတာ သူရောကိုယ်ပါ နှစ်ယောက်လုံး ကြိုးစားရမယ့်အရာပါ။ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးမှလည်း အချိန်တွေ အကြာကြီးထိ လက်တွဲနိုင်မှာဖြစ်ပါတယ်။
၁။ ကူညီဖေးမပါ
သူ့ကိုချည်း မှီးခိုမနေသင့်သလို ကိုယ်ကပဲ ပေးဆပ်နေရတာမျိုး မဖြစ်ပါစေနဲ့။ အပြန်အလှန် ကူညီဖေးမပါ။
၂။ အချိန်ပေးပါ
play

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ရင်းနှီးမှုရဖို့ အတူရှိနေချိန်တွေ လိုအပ်ပါတယ်။ သူ့ကို အကြာကြီး ပစ်ထားတာမျိုး မလုပ်ပါနဲ့။
၃။ အတိတ်ကို ထားခဲ့ပါ
အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါ။ ရည်းစားဟောင်းတွေအကြောင်း ပြောနေတာက ဘယ်လိုကောင်းကျိုးမှ ဖြစ်လာမှမဟုတ်ပါဘူး။
၎။ ရန်ဖြစ်တာ
play

စကားများတာတွေနဲ့ သဘောထားမတိုက်ဆိုင်တာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ စိတ်ဆိုးဒေါသဖြစ်တဲ့အချိန် သိပ်မကြာဖို့ပဲ လိုတာပါ။
၅။ နားလည်ပေးနိုင်စွမ်း
အလုံးစုံ သာယာလှပတဲ့ အချစ်ရေးဆိုတာ မရှိပါဘူး။ သူနဲ့လက်တွဲလို့ အမြဲတမ်း ပျော်ရွှင်နေရမယ်ထင်ရင် အဲ့ဒီစိတ်ကူးကို မေ့လိုက်ပါ။ အဆင်မပြေမှုတွေကို ရင်ဆိုင်ဖို့ ပြင်ထားပြီး နားလည်ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
ဒါက အချစ်ပါပဲ။ ရုပ်ရှင်နဲ့ ဝတ္ထုတွေထဲလို မဟုတ်တဲ့ လက်တွေ့အချစ်ရေးမို့လို့ ကိုယ်ချစ်ရသူနဲ့ အချိန်တွေအကြာကြီး လက်တွဲဖို့ဆို အပေါ်မှာ ရေးသားထားတဲ့ အချက်လေးတွေ လိုက်နာရင် တကယ်ပဲ ခိုင်မြဲတဲ့ အချစ်ရေးကို ရရှိလာပါလိမ့်မယ်။
Photo : Pexels   

Credit :duwun
Share on Google Plus

About Myanmar Magazine