အဝတ်ဗလာ ခန္ဓာကိုယ်မှာ ဆေးခြယ်ရင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အားပေးစကား ပြောလိုက်တဲ့ တင်ပါးအလှမယ်

play

မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့အနေနဲ့ အင်္ဂလန်အသင်းကို ဦးဆောင်ပြီး ၂၀၁၈ ရုရှားကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဘရာဇီးက တင်ပါးအလှမယ် မစ္စဘမ်ဘမ်းက ထောက်ခံအားပေးလိုက်ပါတယ်။
play

ဘရာဇီးရဲ့ တင်ပါးအလှမယ် ဆူဇီကော့တက်ဇ်ဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားအတွက် အမျိုးသမီး ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားအတွက် လာဘ်ကောင်အဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ မြေခွေးရုပ်ကို သူမရဲ့ အဝတ်မပါ ခန္ဓာကိုယ်ပေါ်မှာ ခြယ်သရင်း မစ္စဘမ်ဘမ်းက အင်္ဂလန်အသင်းအကြောင်း ပြောကြားခဲ့တာပါ။
play

 လာမယ့် ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းဟာ စောင့်ကြည့်ရမယ့် အသင်းတစ်သင်းဖြစ်လာလိမ့်လို့ သူမက သုံးသပ်ခဲ့ပါသေးတယ်။
play

၂၀၁၈ ရုရှား ကမ္ဘာ့ဖလားအတွက် အများက မဲပေးရွေးချယ်ထားတဲ့ မြေခွေးလာဘ်ကောင်ရုပ်ဟာလည်း အိမ်ရှင် ရုရှားအသင်းအတွက်ကံကောင်းခြင်းတွေ ဆောင်ယူလာပေးလိမ့်မယ်လို့ သူမရဲ့ အမြင်ကို ပြောပါတယ်။
play

၂၀၁၅ ခုနှစ်အတွက် တင်ပါးအလှမယ် သရဖူရခဲ့တဲ့ ဆူဇီကော့တက်ဇ်ဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ရုပ်သံအစီအစဉ်တင်ဆက်သူ ဖြစ်လာမယ်လို့ ထင်ကြေးပေးခြင်းခံထားရသူပါ။
play
Source : The Sun
Share on Google Plus

About Myanmar Magazine Onilne