ဝယ်ပေးသည့် အိမ်ခန်းက သေးနေသဖြင့် မိဘနှစ်ဦးကို သားဖြစ်သူက ရိုက်နှက်

play

မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဆောင်ပေးတဲ့ တိုက်ခန်းဟာ သေးလွန်းနေတယ်ဆိုပြီး မိဘနှစ်ဦးကို သားအရင်းက ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။
တရုတ်နိုင်ငံ ဟာဘင်းမြို့အတွင်း အိမ်ခြံမြေအကျိုးဆောင် ရုံးခန်းတစ်ခုအရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မင်္ဂလာဆောင်တော့မယ် သားဖြစ်သူအတွက် မိဘနှစ်ပါးက တိုက်ခန်းတစ်ခန်း လက်ဖွဲ့ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် တိုက်ခန်းဟာ သေးငယ်လွန်းတဲ့အတွက် သားဖြစ်သူဟာ စိတ်ဆိုးပြီး အိမ်ခြံမြေအကျိုးဆောင်ရုံးရှေ့မှာ မိဘတွေကိုပြန်လည်ရန်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အဆိုပါအမျိုးသားကို ရဲတွေက ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ရပါတယ်။ ရဲစခန်းရောက်တော့မှသာ သူဘာကြောင့်  ဒီလောက်ဒေါသတကြီးနဲ့ မိဘတွေကို ပြန်လည်တိုက်ခိုက်ရသလဲဆိုတဲ့ အဖြေထွက်လာတာဖြစ်ပါတယ်။ မိဘတွေကို ရိုက်ပုတ်နေတဲ့ သားဖြစ်သူရဲ့ ဖြစ်ရပ်ကို ဘေးမှာ လူအများ ဝိုင်းကြည့်နေခဲ့ကြပြီးနောက် ရဲကကားနဲ့ လာရောက်ဖမ်းဆီးသွားပါတယ်
Source : Daily Mail
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.