အမ်မာရောဘတ်နဲ့ အချစ်ဟောင်းတို့ နောက်တစ်ကြိမ်ပြန်စေ့စပ်

အမ်မာရောဘတ်ရဲ့ အချစ်ရေးကတော့ ပြတ်လိုက်၊ ဆက်လိုက်နဲ့ပဲ သံသရာလည်နေပါတယ်။ ပြတ်သွားတဲ့ အချစ်ဟောင်းနဲ့ ကျေးဇူးတော်နေ့မှာ အပြန်အလှန် အနမ်းခြွေနေပုံအရ ပြန်ပြေလည်သွားကြပြီတာ သေချာပါတယ်။ အမ်မာနဲ့ အီဗန်ပီတာတို့ဟာ ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာ စေ့စပ်ခဲ့ကြတာဖြစ်ပြီး ယမန်နှစ် ဇွန်လမှာ လမ်းခွဲခဲ့ကြပါတယ်။
play

Us Weekly ရဲ့ အဆိုအရတော့ အီဗန်နဲ့ အမ်မာတို့ဟာ နောက်တစ်ကြိမ် ပြန်စေ့စပ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ အမ်မာက ရိုက်ကွင်းမှာတောင် စေ့စပ်လက်စွပ်ဝတ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်က Adult World မှာ ပါဝင်ရိုက်ကူးရင်း ချစ်ကြိုက်ကာ ယခုချိန်ထိ ပြတ်လိုက် ဆက်လိုက် ဖြစ်နေကြတာပါ။
Source : Us Weekly, TMZ Credit :duwun

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.