ပန်းနာရင်ကြပ်ရှိတဲ့ အမျိုးသမီးတွေ ကလေးရဖို့ခက်ခဲနိုင်

ပန်းနာရင်ကြပ်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ သန္ဓေအောင်ဖို့အတွက် အခက်အခဲရှိနိုင်ကြောင်း HealthDay သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ သုတေသနရလဒ်များအရ အဆုတ်နဲ့သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာ ကိုယ်ဝန်မြဲဖို့အတွက် ခက်ခဲကြောင်း သိရပါတယ်။
play

ဒီသုတေသနကို အသက် ၂၃ နှစ်မှ ၄၅ နှစ်ကြား အမျိုးသမီး ၂၄၅ ဦးနဲ့ ပြုလုပ်ခဲ့တာပါ။ သုတေသနမှာ ပါဝင်တဲ့အမျိုးသမီးတွေဟာ သန္ဓေအောင်ဖို့အခက်ခဲနဲ့ကြုံနေရသူတွေဖြစ်ပြီး သန္ဓေအောင်ဖို့ ဆေးကုသမှုခံယူနေကြသူတွေဖြစ်ပါတယ်။ ယင်းတို့အနက် အမျိုးသမီး ၉၆ ဦးမှာ ပန်းနာရင်ကြပ်ရှိနေတာကို တွေ့ခဲ့ရပါတယ်။ သန္ဓေအောင်ဖို့  ခက်ခဲနေသူထဲမှာမှ ပန်းနာရင်ကြပ်ရှိသူတွေဟာ ပိုပြီးခက်ခဲကြတယ်ဆိုတဲ့ သဘောပါပဲ။ ပန်းနာရင်ကြပ်ရောဂါဟာ သန္ဓေအောင်ဖို့အတွက် မကောင်းတဲ့သက်ရောက်မှုဖြစ်စေပြီး ကိုယ်ဝန်လွယ်ထားရချိန်နဲ့ အသက်ရလာချိန်မှာလည်း  ပန်းနာရင်ကြပ်က ပိုဆိုးလာနိုင်တာကြောင့် စောလျှင်စွာကုသမှုခံယူသင့်ကြောင်း ဒိန်းမတ်နိုင်ငံ Bispebjerg ဆေးရုံမှ ဒေါက်တာ ဂျိတ်ခ်က အကြံပေးတိုက်တွန်းထားပါတယ်။
Source : Health.com  Credit :duwun


Share on Google Plus

About Myanmar Magazine