လနဲ့ချီပြီး အိပ်ပျော်သွားတတ်တဲ့ မိန်းကလေး

play

ဘက်သ်ဂွန်ဒီရာဆိုတဲ့ မိန်းကလေးဟာ Sleeping Beauty လို့ခေါ်တဲ့ ရောဂါလက္ခဏာကို ခံစားနေရတာ ဖြစ်ပါတယ်။
ယခု အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ လွန်ခဲ့တဲ့ ၅ နှစ်က ၆ လကြာ အိပ်မောကျသွားတဲ့အတွက် သူမရဲ့ အသက် ၁၇ နှစ်မွေးနေ့ပွဲကို မပြုလုပ်နိုင်ခဲ့ပါဘူး။
play

သူမဟာ တစ်နေ့ကို ၂၂ နာရီအိပ်ပြီး အစာစားဖို့၊ ရေသောက်ဖို့နဲ့ အပေါ့အပါးသွားဖို့လောက်သာ အိပ်ရာကထပါတယ်။
သူမရဲ့မိခင်ရဲ့ တွက်ချက်မှုအရ သူမဟာ ပြီးခဲ့တဲ့ ၅နှစ်အတွင်း အိပ်ချိန်က ၇၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
နောက်တစ်ကြိမ် သူမအချိန်အကြာကြီး အိပ်ပျော်သွားတော့ နှစ်လခွဲကြာမြင့်ခဲ့ပါတယ်။ သူမကို ဆေး၊ ဆူညံသံ၊ ချော့မော့ခြင်းစတဲ့ ဘာနည်းလမ်းနဲ့မှ နှိုးလို့မရခဲ့ပါဘူး။
သူမကို အမြဲအားပေးနေခဲ့သူတစ်ဦးကတော့ သူမရဲ့ချစ်သူ ဒန်ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် မူလတန်းကျောင်းဆရာ ဒန်နဲ့ သူမဟာ လွန်ခဲ့တဲ့ ၃ နှစ်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
play

"နေ့တိုင်းလိုလို သူရောက်လာပြီး ဘက်သ်နဲ့ ထိုင်တယ်၊ စကားပြောတယ်။ သူချစ်တဲ့မိန်းကလေး ပြန်နိုးအလာကိုစောင့်တယ်။ သူက လူကောင်းတစ်ယောက်ပါ" လို့ ဘက်သ်ရဲ့မိခင်က ဆိုပါတယ်။
ဒါပေမဲ့ ဘက်သ်ဟာ နှစ်ပတ်လောက်သာ သာမန်အတိုင်း နိုးထနေတတ်ပြီး အဲဒီရောဂါကြောင့် ပြန်ပြီး အိပ်ပျော်သွားတတ်ပါတယ်။
ဘက်သ်ဟာ Kleine-Levin ခေါ် Sleeping Beauty ဆိုတဲ့ ရောဂါလက္ခဏာကို ခံစားနေရတဲ့ ဗြိတိန်လူငယ် ၁၀၀ ကျော်ထဲမှာ ပါဝင်သူပါ။
ဒီရောဂါဟာ ဆယ်ကျော်သက်တွေ အဓိကဖြစ်လေ့ရှိပြီး ဖြစ်ပွားချိန်က ၁၃ နှစ်ခန့် ကြာမြင့်တတ်တဲ့အတွက် ရောဂါဖြစ်ပွားတဲ့ လူငယ်တွေမှာ ပညာရေးလစ်ဟင်းရသလို အသက်မွေးဝမ်းကျောင်းအတွက် ကြိုးပမ်းချိန်တွေ အလဟဿဖြစ်ကြရပါတယ်။
Source & Photos : Daily Mail  Credit :duwun
Share on Google Plus

About Myanmar Magazine