Breaking News

ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အလှမယ်တွေအဖြစ် မြင်တွေ့ရမယ့် စတားလုံးရဲ့သမီးချော ၃ ယောက်

play

စတားလုံးရဲ့ သမီး သုံးဦးစလုံးဟာ Miss Golden Globel 2017 တွေအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။
အဲဒီအကြောင်းကို မင်းသားကြီး ဆယ်ဗက်စတာစတားလုံးက ကြေညာခဲ့ပြီးတဲ့နောက် သမီးတွေ အရွယ်ရောက်တာ မြန်လွန်းတယ်လို့ စတားလုံးက Entertainment Tonight နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
play

ဒါပေမဲ့ အသက် ၇၀ အရွယ် မင်းသားကြီးဟာ သမီးချောတွေအတွက် ဂုဏ်ယူတယ်လို့ ဆိုပြီး အားလုံးဟာ သမီးတို့ရဲ့မိခင် မော်ဒယ်ဟောင်း ဂျနီဖာဖလာဗင်ရဲ့ ပျိုးထောင်မှုကြောင့်ပါလို့ ဆိုခဲ့ပါတယ်။
play
အသက် ၄၈ နှစ်အရွယ် ချောမောလှပတဲ့ အမျိုးသမီးဟာ ကျက်သရေရှိပြီး လှပတဲ့ သမီး ၃ ယောက်ဖြစ်တဲ့ USC ကျောင်းသူလေး အသက် ၂၀ အရွယ် ဆိုဖီယာ၊ အမေ့ခြေရာနင်းပြီး အောင်မြင်တဲ့ မော်ဒယ်ဖြစ်နေတဲ့ အသက် ၁၈ နှစ်အရွယ် ဆစ်စတင်းနဲ့ ထူးချွန်တဲ့ အားကစားသမားတစ်ဦးဖြစ်တဲ့ စကားလတ်တို့ကို ပျိုးထောင်ပေးခဲ့တာ ဖြစ်ပါတယ်။
Source & Photos : Daily Mail  Credit :duwun