ကိုယ့်လည်ပင်းကိုယ် လွှစက်နဲ့ ဖြတ်မိလို့ သေဆုံးရတဲ့အမျိုးသား

play

သစ်ပင်ထိန်းသိမ်းစောင့်ရှောက်သူ အလက်ဇန္ဒားခရစ်ခ်လေဟာ သူလည်ပင်းသူ လွှစက်နဲ့ ဖြတ်မိပြီး လည်ပင်းသွေးပြန်ကြောကို ထိကာ သေဆုံးသွားခဲ့ပါတယ်။
အောက်စ်ဖို့ဒ်မြို့ရှိ အိမ်တစ်အိမ်နောက်က နောက်ဖေးပန်းခြံရှိ သစ်ပင်တစ်ပင်ပေါ်မှာ အလုပ်လုပ်စဉ် လွှစက်က နာက်ကို ပြန်ကန်သွားခဲ့တာ ဖြစ်ပါတယ်။
play

မြေပြင်နဲ့ ပေ ၂၀ အကွာ သစ်ပင်ပေါ်မှာ ရောက်နေတဲ့ အလက်ဇန္ဒားဟာ လည်ပင်းက အဓိကသွေးကြောတွေကို ဖြတ်မိကာ အသက်ရှူရပ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် အလက်ဇန္ဒားဟာ နယူးဇီလန်မှာ သစ်ပင်တွေကို စောင့်ရှောက်နေတာ ၃ နှစ်ရှိပြီဖြစ်ပေမဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို တွေ့ဖို့ ယူကေကို ပြန်ရောက်နေခဲ့တာ ဖြစ်ပါတယ်။
Source & Photos : Mirror


Share on Google Plus

About Myanmar Magazine