တစ်ပွဲတည်းမှာတင် ဝတ်စုံသုံးစုံပြောင်းခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

နိုဝင်ဘာ ၁၇ ရက် ညပိုင်းက ပြုလုပ်ခဲ့တဲ့ လက်တင်ဂရမ်မီဆုပေးပွဲမှာ ဂျနီဖာလိုပက်ဇ်က ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ ပြောင်းလဲဝတ်ဆင်သွားခဲ့ပါတယ်။ အကုန်လုံးကတော့ တစ်မျိုးစီ လှနေတာပါပဲ။ သူမနဲ့လည်း လိုက်ဖက်ညီတာကို တွေ့ရပါတယ်။
ပထမဆုံး ပွဲကိုရောက်လာတာကတော့ အနက်ရောင်ဝတ်စုံနဲ့ပါ။ အပေါ်အောက် တစ်ဆက်တည်းဝတ်စုံက ကျောပြင်မှာတော့ ခပ်ကျယ်ကျယ် ဖောက်ထားပါတယ်။
play

အဲ့ဒီနောက် စင်ပေါ်မှာ အဖြူရောင်ဝတ်စုံနဲ့ ဖျော်ဖြေခဲ့ပြန်ပါတယ်။ ခင်ပွန်းဟောင်း မက်အန်တိုနီနဲ့လည်း ပူးပေါင်းဖျော်ဖြေခဲ့ပါတယ်။
play

နောက်ပိုင်းမှာတော့ ရွှေရောင်ဝတ်စုံလေးကို ပြောင်းလဲကာ တစ်ညတည်း အလှသုံးမျိုးကို ဖော်ပြသွားခဲ့တယ်။
Source : Daily Mail
Share on Google Plus

About Myanmar Magazine Onilne