လီဗာပူးအသင်းပိုင်ရှင် ဝယ်ယူလိုက်တဲ့ ပေါင် ၆၈ သန်းတန် အပျော်စီး ဇိမ်ခံသင်္ဘော

play

အင်္ဂလန်ပရီးမီးယားလိဂ်မှ လီဗာပူးအသင်းနဲ့ ဘော်စတွန်ရက်ဆော့စ် ဘေ့စ်ဘောအသင်းပိုင်ရှင် ဘီလျံနာက ပေါင်စတာလင် ၆၈ သန်းတန် အပျော်စီး ဇိမ်ခံသင်္ဘော ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီက ၂၁၅ ပေကျော် ရှည်လားပြီး မူလအမည် Ester III လို့ခေါ်တဲ့ အပျော်စီး ဇိမ်ခံသင်္ဘောကို ဝယ်ယူလိုက်ပြီး Iroquois အဖြစ် အမည်သစ် ပြောင်းလဲခဲ့ပါတယ်။
play

Iroquois အမည်ဟာ ယခင်က ဟင်နရီ ပိုင်ဆိုင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာ ပေါင် ၁၅ သန်းဖြင့် ပြန်ရောင်းခဲ့တဲ့ အပျော်စီးသင်္ဘောရဲ့အမည်လည်း ဖြစ်ပါတယ်။ အဆိုပါ ဇိမ်ခံသင်္ဘောမှာ ရေကူးကန်၊ မီးလင်းဖို၊ အားကစားခန်းမ၊ ဓာတ်လှေကားနဲ့ ရဟတ်ယာဉ်ရပ်နားနေရာတို့ ပါဝင်ပါတယ်။ Iroquois ဇိမ်ခံသင်္ဘောမှာ လူ ၁၂ ဦး ညအိပ်နိုင်တဲ့ အိပ်ခန်းများလည်း ပါဝင်ကြောင်း သိရပါတယ်။

လီဗာပူးအသင်းပိုင်ရှင် ဟင်နရီဟာ အသားတင် ချမ်းသာကြွယ်ဝမှု ပေါင်စတာလင် ၁.၉ ဘီလီယံရှိကြောင်း Frobes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။ ၎င်းဟာ ဘော်စတွန်ဂလုပ် သတင်းစာနဲ့ NASCAR ကားမောင်းပြိုင်ပွဲဝင် အသင်းတစ်သင်းကိုလည်း ပူးတွဲပိုင်ဆိုင်ထားကြောင်း သိရပါတယ်။
Source & Photo: Mirror
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.