Breaking News

ထူးထူးခြားခြားသေချင်ယောင်ဆောင်ပြီး လက်ထပ်ခွင့် တောင်းတဲ့အမျိုးသား

proposing
ဒီ လက်ထပ်ခွင့် တောင်းနည်းကတော့ တစ်မူထူးခြားပါတယ်။ ကားတိုက်ခံရပြီး သေသလိုလိုသရုပ်ဆောင်ပြီးမှ သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်လို့ပါဘဲ။ ဒီနည်းဟာ အန္တရာယ်လည်း များပါတယ်။ အမျိုးသမီးက သူ့ကို ချစ်ပင် ချစ်လင့်ကစား သေမှတော့ တစ်ခြားယောက်ျား ရှာတော့မယ်ဆိုရင် ကိုယ့်လူ နှစ်ခါ ပြန်သေရမယ့် အဖြစ်မျိုးပါ။


proposingဒါပေမယ့် အခု ဒီလူ့နည်းကတော့ အောင်မြင်သွားပါတယ်။ ကြည့်ရတာ သူ့ဘော်ဒါအပေါင်းနဲ့ ဇာတ်ကြိုတိုက်ထားတယ် ထင်ပါတယ်။ သူဟာ ဒီလို သေချင်ယောင်ဆောင်ဖို့အတွက် သွေးအတုတွေကိုလည်း သုံးခဲ့ရပြီး၊ ခပ်လှမ်းလှမ်းကို ရောက်နေတဲ့ သူရဲ့ချစ်သူ အနီရောင်နတ်သမီးလေးဟာ ချစ်သူ လဲကျနေရာကို ဒုန်းစိုင်း ပြေးဝင်လာပါတယ်။
သေချင်ယောင်ဆောင်တဲ့သူကလည်း တကယ့် မသာအတိုင်းကို မလှုပ်မရှက်ပါဘဲ။ သူ့ရဲ့ အနီရောင်ညိုပြာချောမလေးက သူ့ကို စိုးရိမ်တကြီး သေဆုံးခြင်းမှ နိုးထဖို့ နှိုးဆွပါသေးတယ်။ သေချင်ယောင်ဆောင်တဲ့ သူက မထသေးပါဘူး။ ပူဆွေးနေတဲ့ အနီရောင်နတ်သမီးလေးကလည်း အဟုတ်မှတ်ပြီး ချစ်တာတွေရော မေတ္တာတွေရော စီကာပတ်ကုန်း သူတို့ဘာသာနဲ့ ပြောမယ်လို့ ယူဆရပါတယ်။
သတင်းသမားလိုလို ဓာတ်ပုံဆရာလိုလို လူတွေကိုတောင် ငှားရမ်းထားပါသေးတယ်။ မကြာမီမှာပဲ သေချင်ယောင်ဆောင်
တဲ့ အမျိုးသားက သူလိုချင်တဲ့ စကားကို ကြားလိုက်ကော ၀ုန်းဆို နေရာကနေ ကုန်းထပါတယ်။ အနီရောင်နတ်သမီးလေး ဖုတ်သဘက်များ ၀င်တာလားဆိုပြီး လန့်သွားပါသေးတယ်။
proposing
နောက်မှ ကာယကံရှင်အမျိုးသားက သူ့ငယ်ချင်းဆီကို အဆင်သင့်ပေးထားတဲ့ လက်ထပ်လက်စွပ်ကလေးနဲ့ ဒူးထောက်
ပြီး ချစ်ခွင့်ပန်ခဲ့တာပါ။ အနီရောင်နတ်သမီးလေးလည်း အလွန်ဝမ်းနည်းစရာ အဖြစ်ကနေ အလွန်ဝမ်းသာစရာ အဖြစ်ကို
ကြုံခဲ့ရတယ်လို့ ဆိုရမှာပါ။ ကျနော်တို့သာဆိုရင်တော့ ရင်ဘတ် ဆောင့်ကန် ခံရကိန်းပါဘဲ။
ဒီအဖြစ်အပျက်ဟာ နိုက်ဂျီးရီယားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ Shwemom ရဲ့ အမျိုးသား ပရိသတ်ကြီးအနေနဲ့ ဒီ
နည်းကိုတော့ လက်တည့် စမ်းမကြည့်ကြပါနဲ့။ တော်ကြာ ကိုယ့်ကို တကယ်ချစ်တဲ့ ကောင်မလေးက ကိုယ့်ကို မထူပဲ၊ သူ
သေရင် ငါလည်းသေမယ်ဆိုပြီး မောင်းလာတဲ့ ကားဆီပြေး အနင်းခံသွားမှာ ဟုတ်ပေ့ဖြစ်နေမယ်။
Credit:နတ်စည်တော် (Shwemom)