Breaking News

ရွှေငှက်ပျောသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု



၁ - ကိုယ်ခံအားစနစ်

ရွှေငှက်ပျောသီးမှာ ဗီတာမင် စီကြွယ်ဝပြီး beta-carotene လည်း များစွာ ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်ပါတယ်။

၂ - အစာခြေစနစ်

အမျှင်ဓာတ် အလွန်ကြွယ်ဝတာကြောင့် အစာအိမ်အတွက် ကောင်းပါတယ်။ အထူးသဖြင့် ဝမ်းချုပ်တဲ့အခါမျိုးမှာ စားပေးလို့ရပါတယ်။

၃ - ရင်ပူ

ရင်ပူတဲ့အခါမှာလည်း ရွှေငှက်ပျောသီးကို စားပေးလို့ ရပါတယ်။ ပုံမှန်စားပေးတဲ့အခါ ရင်ပူတတ်တဲ့ အကျင့်ကို လုံးဝပျောက်ကင်းစေပါတယ်။

၎ - မျက်လုံး

ရွှေငှက်ပျောသီး ပုံမှန်စားပေးတာဟာ မျက်စိအားကိုလည်း ကောင်းစေပါတယ်။ ဗီတာမင်အေ ကြွယ်ဝတာကြောင့် မျက်လုံးကို များစွာ အထောက်အကူပြုပါတယ်။

၅ - ဝိတ်ကျ

ဝိတ်ကျစေဖို့လည်း ကူညီပေးပါတယ်။ အမျှင်ဓာတ် အလွန်မြင့်မားပြီး ကယ်လိုရီ အလွန်နည်းတာကြောင့် အနည်းငယ်စားရုံနဲ့ ဗိုက်ပြည့်တဲ့ခံစားချက်ကို ရစေမှာ ဖြစ်ပါတယ်။

Credit:Duwun