အမေရိကန်မင်းသားချော ဘန်ဖော်စတာ

အမေရိကန်မင်းသားချော Ben Foster ဟာ ဘော့စတွန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကကို ၁၆ နှစ်အရွယ်ကတည်းက စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ Get Over It, Phone Booth, 11:14, The Punisher, Hostage ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဘန်ကို လူသိများလာခဲ့ပါတယ်။
play

သူဟာ ၂၀၀၆ ခုနှစ်မှာတော့ X Men: The Last Stand ရုပ်ရှင်ဇာတ်ကားကြီးမှာ အတောင်ပံဖြူနဲ့ နတ်သားစူပါဟီးရိုးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ မင်းသားကြီး Jason Statham နဲ့အတူ The Mechanic အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ပါသေးတယ်။ အဲ့ဒီ့နောက်မှာတော့ 360, Contraband, Kill Your Darlings, Lone Survivor ဇာတ်ကားတွေနဲ့လည်း ဆက်လက်အောင်မြင်ခဲ့ပါတယ်။ အောင်မြင်လူသိများခဲ့တဲ့ Warcraft ရုပ်ရှင်ဇာတ်လမ်းကြီးမှာလည်း ဘန် ပါဝင်ခဲ့ပါသေးတယ်။
play

၂၀၁၆ မှာ ရုံတင်ပြသတဲ့ မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ Inferno ရုပ်ရှင်ဇာတ်ကာမှာလည်း ဘန် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယခုနှစ်ထဲမှာပဲ ပြသသွားတဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ် အခြေခံရိုက်ကူးထားတဲ့ The Finest Hours ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြန်ပါတယ်။ သူ့ရဲ့ညီဖြစ်သူ ဂျွန်ဖော်စတာဟာလည်း မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။
Share on Google Plus

About Myanmar Magazine Onilne