စားပွဲတင်တင်းနစ်မှာလည်း ကျွမ်းကျင်တဲ့ ဂျီဂျီဟက်ဒီး

ဂျီဂျီဟက်ဒီးလို လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ စူပါမော်ဒယ်တစ်ဦးအနေနဲ့ ကိုယ်ခန္ဓာလှပဖို့အပြင် အခြားအားကစားတွေလေ့ကျင့်ဖို့ဆိုတာ အတော်ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့လည်း ဂျီဂျီက လက်ဝှေ့ထိုးလည်း ကျွမ်းကျင်သူပါ။ ဒါတင်မကသေးပါဘူး ဂျီဂျီရဲ့ စားပွဲတင်တင်းနစ်ရိုက် စွမ်းရည်ကိုလည်း တနင်္လာညက ညစာစားပွဲတစ်ခုမှာ မြင်ခဲ့ရပါတယ်။
play

အမေရိကန်ဒီဇိုင်နာ Stuart Weitzman ရဲ့ အထူးညစာစားပွဲကို တက်ရောက်လာတဲ့ ဂျီဂျီဟာ ဒီဇိုင်နာနဲ့အတူ လူတွေရှေ့မှာ တင်းနစ်ရိုက်ပြသွားခဲ့တာပါ။ ၄ လက်မကျော်တဲ့ ဒေါက်မြင့်ကိုစီးရင်း ပွဲတက်ဝတ်စုံအပြည့်အနဲ့ လှလှပပလေး ကစားသွားခဲ့ပါတယ်။
Source : Daily Mail   Credit :duwun


Share on Google Plus

About Myanmar Magazine Onilne