အမေဘယ်သူမှန်း မသိရတဲ့ ဆယ်လ်ဖီ ဓာတ်ပုံ

play

မကြာသေးခင်က Kaylan Mahomes ဆိုသူ အမျိုးသမီးတစ်ဦးက အမေနဲ့ သမီးတွေရိုက်ထားတဲ့ ဆယ်လ်ဖီဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မှာ တင်လိုက်ပြီးတဲ့နောက် ချက်ခြင်းနာမည်ကြီးလာပါတယ်။ ဓာတ်ပုံ အတွက် စာရေးထားတာက “အမေနဲ့ ကျွန်မတို့ အမြွှာနှစ်ဦး” ဆိုပြီး ဖြစ်ပါတယ်။
play

အင်တာနက်အသုံးပြုသူတွေ အဖြေရှာမရခဲ့တာက ဘယ်သူကအမေဖြစ်ပြီး ဘယ်သူက သမီးဖြစ်လဲဆိုတဲ့ ကိစ္စကိုပါ။ အမေဖြစ်သူနဲ့ အမြွှာနှစ်ဦးဟာ ရုပ်ချင်းအတော်လေး တူနေတဲ့အပြင် အားလုံးက ငယ်ရွယ်နေတဲ့ အမျိုးသမီးပုံ ပေါက်နေလို့ ဖြစ်ပါတယ်။ ဆယ်လ်ဖီဓာတ်ပုံထဲမှာ အမျိုးသမီးသုံးဦးဓာတ်ပုံပါဝင်ပြီး သုံးဦးလုံးက အသက်မတိမ်းမယိမ်းလို့ ထင်ချင်စရာပါ။
play

ဓာတ်ပုံကို တွစ်တာမှာ တင်ခဲ့တာဖြစ်ပြီး Likes ပြုလုပ်သူ နှစ်သောင်းကိုးထောင်ကျော်နဲ့ ပြန်လည်ကာ Retweet ပြုလုပ်ထားသူ တစ်သောင်းရှစ်ထောင်ကျော် ရှိပါတယ်။ နောက်ပိုင်းမှာတော့ အမေဖြစ်သူက ဓာတ်ပုံဘယ်ဘက် အစွန်ဆုံးက တစ်ယောက်ဖြစ်ကြောင်း အမြွှာညီအစ်မကပဲ ပြန်ပြောပြခဲ့ပါတယ်။
Source : CNN
Photos : Daily Mail  
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.