Breaking News

မိတ်ကပ် မဖျက်ပဲ အိပ်ရင် ဘာဖြစ်မလဲ???



တစ်ချို့မိန်းကလေးတွေ အပြင်က ပြန်လာလို့ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင်

၁.ဆားဝက်ခြံ/ဝက်ခြံလေးတွေ ပေါက်လာပါလိမ့်မယ်။

မိတ်ကပ်ဆိုတာ ဓါတုပစ္စည်းတွေပါတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ဒါကို မိတ်ကပ်ကို တစ်နေ့၈နာရီ အထက်မျက်နှာမှာပိုထားရင်အရေပြားမှာလေဝင်လေထွက်မရှိတော့ချွေးပေါက်လေးတွေပိတ် စေပါတယ်။
ချွေးပေါက်လေးတွေထဲ မိတ်ကပ် တွေ ဝင်တာများတဲ့အခါ ဝက်ခြံလေးတွေ ပေါက်ပွားလာပါတယ်။

၂.ရုပ်ရင့်စေပါတယ်။


အရေပြားပာာ လူတွေအိပ်ချိန်ကျ ဆဲလ်သေတွေကို ဖယ်ထုတ်ပြီး ဆဲလ် အသစ်လေးတွေမွေးပေးပါတယ်။ဒါကို မိတ်ကပ်က တားဆီးပိတ်ပင်လိုက်တဲ့အခါ ဆဲလ်အသစ်တွေ ထွက်မလာတော့ပဲ ဆဲလ်သေ တွေနဲ့မျက်နှာကို ရင့်စေပါတယ်။

၃.ဘက်တီးရီးယား မွေးပေးသလို ဖြစ်ပါတယ်။

မိတ်ကပ် မဖျက်ပဲ အိပ်တဲ့မျက်နှာပာာ ဘက်တီးရီးယား ပေါက်ပွားဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။မဖျက်ပဲ အိပ်တော့ အိပ်ရာ၊အိပ်ရာခင်း၊ခေါင်းအုံး တို့ကို မိတ်ကပ်တွေ ပေကြံစေပါတယ်။ဒါ့ကြောင့်မိတ်ကပ် ကို မအိပ်ခင် ဖျက်ဖြစ်အောင် ဖျက်ပါနော်။

Credit:Myanmarload