ဝိတ်ကျချင်သူများ ညအိပ်ခါနီး အနည်းဆုံး တစ်ခွက်သောက်ရန် လိုအပ်


ဝိတ်ကျချင်တဲ့ အမျိုးသားတွေအတွက်တော့ သတင်းကောင်း ဖြစ်ပါတယ်။ လေ့လာမှုအသစ်တစ်ခုအရ ညအိပ်ယာမဝင်ခင် အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တစ်မျိုးမျိုး သောက်သုံးခြင်းဟာ ပိုပြီးတော့ ဝိတ်ကျစေတယ်လို့ ဆိုပါတယ်။

သတင်းဆိုးကတော့ အဲဒါဟာ ဘီယာမဟုတ်ပါဘူး။ သတင်းကောင်းကတော့ ဘီယာထက် ပိုပြီးပြင်းတဲ့ အယ်လ်ကိုဟောလ် အရည်တစ်မျိုးမျိုး သောက်ရမှာ ဖြစ်ပါတယ်။ ဝါရှင်တန်ပြည်နယ်တက္ကသိုလ်နဲ့ ဟားဗက်တက္ကသိုလ်က သုတေသီတွေ ပူးပေါင်းလေ့လာမှု ရလဒ်အရ ဒီအဖြေထွက်လာခဲ့တာပါ။ ဝိတ်ကျချင်သူတွေအတွက် ညစဉ်ဝိုင်ကိုလည်း သောက်သုံးလို့ ရတယ်လို့ လေ့လာချက်က အကြံပြုထားပါတယ်။ တစ်နေ့ကို ဝိုင်ပုလင်း တစ်ဝက်ခန့် သောက်သုံးခြင်းဟာ အဝလွန်မှုကို ၇၀ ရာခိုင်နှုန်းလောက်အထိ ကာကွယ်ပေးတယ်လို့ အတိအကျ ဆိုထားပါတယ်။


လူပေါင်း ၂၀၀၀၀ ကို လေ့လာချက်အရ အဝလွန်ဖြစ်နေသူ၊ ဒါမှမဟုတ် ဝဖြိုးနေသူတွေဟာ ပုံမှန်အရက်၊ ဝိုင် သောက်သုံးသူတွေမဟုတ်တာ တွေ့ရပါတယ်။ ဒါကြောင့် လေ့လာချက်အကြံပြုချက်အရ ဝိတ်မတက်လာချင်ရင် ဆက်သောက်ပါလို့ ဆိုနိုင်ပါတယ်။

Credit:Duwun


Share on Google Plus

About Myanmar Magazine