Breaking News

ပျံသန်းနိုင်တဲ့သတ္တဝါတွေထဲမှာ အမြန်ဆုံးဖြစ်လာာတဲ့ ဘရာဇီးလင်းနို့

အမြီးမပါတဲ့ ဘရာဇီးလင်းနို့တွေဟာ တစ်နာရီကို မိုင် ၁၀၀ ကျော် ပျံသန်းနိုင်ပြီး ကမ္ဘာ့အမြန်ဆုံး ပျံသန်းနိုင်တဲ့သတ္တဝါဖြစ်ကြောင်း Max Planck အင်စတီကျူရဲ့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ယင်းလင်းနို့တွေဟာ ကိုယ်အလေးချိန် ၁၁ ဂရမ်သာ ရှိပါတယ်။
သိပ္ပံပညာရှင်တွေဟာ ဘရာဇီးလင်းနို့တွေ ပျံသန်းရာလမ်းကြောင်းကို ရေဒီယိုအသံလှိုင်းစနစ်ကိုသုံးပြီး ခြေရာခံရာတစ်ဆင့် ပျံသန်းနှုန်းကို သိရှိခဲ့ကြတာဖြစ်ပါတယ်။ လင်းနို့တွေရဲ့အတောင်ပံဖွဲ့စည်းပုံက ပျံသန်းမှုနှေးစေတဲ့ ပုံစံမျိုးဖြစ်သော်လည်း ပျံသန်းမှုနှုန်း မြန်တာကြောင့် သိပ္ပံပညာရှင်တွေက လေ့လာကြည့်ရာမှာ အံ့သြစရာပျံသန်းနှုန်းကို ခြေရာခံနိုင်ခဲ့ကြရပါတယ်။
Source : Nature World News