မျက်မှန်တပ်သည့် ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ် ဒဏ်ရိုက်ဖွယ်ရှိ

play

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်တဲ့အချိန်မှာ Nike ကုမ္ပဏီက ထုတ်လုပ်တဲ့ မျက်မှန်ကို တပ်လာတဲ့ ရော်နယ်ဒိုဟာ ဒဏ်ကြေး တပ်ခံရဖွယ် ရှိနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒစ်ဟာ Nike ကုမ္ပဏီရဲ့ အဓိက ပြိုင်ဘက် Adidas နဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုထားတာကြောင့် ဖြစ်ပါတယ်။ အသင်းရဲ့ အဝတ်အစား စပွန်ဆာ Adidas အတွက် ဒေါသထွက်စရာ လုပ်ရပ်ကို ရော်နယ်ဒိုက တရားဝင် စာချုပ်သစ်ချုပ်ဆိုပွဲမှာ လုပ်ခဲ့မိတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ရီးရဲလ်မက်ဒရစ်နဲ့အတူ ၂၀၂၁ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
play

နေရ်ာနယ်ဒိုက ဖက်ရှင်ကျကျဖြစ်အောင် Nike အမှတ်တံဆိပ် မျက်မှန်ကို တပ်လာခဲ့တဲ့အတွက် Adidas ကုမ္ပဏီဘက်က မကျေမနပ်ဖြစ်နေကြောင်းသိရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ စပွန်ဆာ ကုမ္ပဏီက Adidas ဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ Nike ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ရော်နယ်ဒို စာချုပ်သစ်ချုပ်ပြီးနောက်တစ်နေ့မှာတင် ရော်နယ်ဒိုက Nike နဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခဲ့တာပါ။
play

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကစပွန်ဆာကုမ္ပဏီ Adidas ကို မကျေမနပ်ဖြစ်စေတဲ့အတွက် ရော်နယ်ဒိုကို အသင်းက ဒဏ်ကြေးတပ်ဖွယ် ရှိတယ်လို့ စပိန်မီဒီယာအချို့က ရေးသားဖော်ပြပါတယ်။
play

ဂျာမနီကစားသမား ဂေါ့ဇီလည်း Nike နဲ့ Adidas အကြား မကျေမလည်ဖြစ်စေမယ့် လုပ်ရပ်ကို လုပ်ခဲ့မိဖူးပြီး ပြန်တောင်းပန်ခဲ့ရပါတယ်။
Source : Mirror   Credit :duwun


Share on Google Plus

About Myanmar Magazine Onilne