အလှမယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဦးမယ့် နန်းစံ

play

Miss Golden Land Myanmar 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး နောက်ပိုင်း အခြားသော Miss ပြိုင်ပွဲများတွင် ဆုတံဆိပ်တွေ ရရှိခဲ့တဲ့ မော်ဒယ် နန်းစံကတော့ လက်ရှိမှာ စီးပွားရေး လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။
play

ယခုလက်ရှိမှာ သူမကိုယ်တိုင် Sakura Beauty studio ဦးစီးဖွင့်လှစ်ထားပြီး အခြားစီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတယ်လို့ နန်းစံက ဆိုပါတယ်။
play

စီးပွားလုပ်ငန်းဘက် အားစိုက်လိုက်တာကြောင့် အနုပညာဘက်နဲ့ နည်းနည်းဝေးကွာသွားတဲ့ သူမက ၂၀၁၇ ခုနှစ်ထဲမှာလည်း အလှမယ် ပြိုင်ပွဲတွေ ဝင်ပြိုင်ဦးမယ်လို့ ပြောပါတယ်။
play

သူမအနေနဲ့ ဝါသနာပါတဲ့ စီးပွားရေးလုပ်ငန်းကော အနုပညာအလုပ်တွေကိုကော နှစ်ဖက်စလုံး မျှတအောင် ကြိုးစား သွားချင်တာကြောင့် ပရိသတ်တွေအနေနဲ့လည်း အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့အခါ အားပေးကြပါဦးလို့ သူမက တောင်းဆိုထားပါတယ်။
Photo : နန်းစံ ဖေ့စ်ဘွတ် Credit :duwun

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.