Breaking News

၂၀၂၀ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်းထိ အင်တာနက် သုံးနိုင်မယ်

အင်တာနက်အသုံးပြုမှု ၁၀ ရာခိုင်နှုန်းတိုးတက်လာတာနဲ့အမျှ နိုင်ငံရဲ့ ဂျီဒီပီဟာလည်း ၂ဒသမ၅ ရာခိုင်နှုန်းတိုးတက်လာတယ်။
play

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ တယ်လီကွန်းအဓိက အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်အရောက်မှာ နိုင်ငံ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း အင်တာနက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်အရ ၂၀၂၀ အရောက်မှာ မြန်နှုန်းမြင့် အင်တာနက်ကို လူဦးရေ ၅၀ ရာခိုင်နှုန်းက အသုံးပြုလာနိုင်မယ်လို့ ခန့်မှန်းထားပြီး  အဆိုပါအစီအစဉ်ကို  အကောင်အထည်ဖော်ဖို့  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနဟာ ဆက်သွယ်ရေး  လိုင်စင်တွေကိုလည်း  စိစစ်ချထားပေးနေတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့  သုတေသနအရ Broadband အင်တာနက်အသုံးပြုမှု ၁၀ ရာခိုင်နှုန်းတိုးတက်လာတာနဲ့အမျှ နိုင်ငံရဲ့ ဂျီဒီပီဟာလည်း ၂ဒသမ၅ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ ဖော်ပြထားပြီး  မြန်မာနိုင်ငံမှာ Brod-band အင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်ဖို့ ပြည်တွင်းကုမ္ပဏီ လေးခုကို အစိုးရက Spectrum ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Source: 7Day Daily
Photos : Myanmar Business Today