တင်ပါးကြီးတဲ့ အမျိုးသမီးများရဲ့ အားသာချက်


ကြီးမားတဲ့ တင်ပါးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေမှာ အခြားသူတွေထက်ပိုပြီး ကောင်းမွန်တဲ့ အားသာချက်တွေရှိကြောင်း အောက်စဖို့ဒ်တက္ကသိုလ်က လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် သာမန်ထက်တင်ပါးပိုကြီးသူ အမျိုးသမီးတွေဟာ သာမန်ထက်အမျိုးသမီးတွေထက် ပိုကျန်းမာလေ့ရှိတယ်လို့ ဆိုပါတယ်။ အဓိက အားသာချက်ကတော့ ကြီးမားတဲ့ တင်ပါးတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ Omega-3 fatty acid ဓာတ်ကို ကြာကြာထိန်းထားပေးနိုင်တာကြောင့် ဖြစ်ကြောင်းသိရပါတယ်။ ဒီလိုအားသာချက် ရှိနေတဲ့အတွက် သာမန်နာမကျန်းဖြစ်မှုမျိုးတွေ၊ ကိုယ်ခံအားနည်း တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အိုမီဂါ-၃ ဖက်တီအက်စစ်တွေဟာ ဦးနှောက်စွမ်းရည်ကို မြင့်တက်စေပြီး ကလေးမွေးတဲ့အချိန်မှာတောင် ပိုပြီးဉာဏ်ရည်မြင့်မားတဲ့ ကလေးတွေကို မွေးဖွားပေးနိုင်တယ်လို့ ဆိုပါသေးတယ်။ ဆီးချိုနဲ့ပတ်သက်တဲ့ ရောဂါတွေကို ခုခံပေးနိုင်တဲ့အပြင် ကိုယ်တွင်းသွေကြောလည်ပတ်မှုဆိုင်ရာ ကျန်းမာရေးကိုပိုမိုကောင်းမွန်စေပါတယ်။

ဒါကြောင့် တင်ပါးကြီးခြင်းဟာ ကျန်းမာတဲ့ အမျိုးသမီးတွေရဲ့ လက္ခဏာလို့ သုတေသီတွေက အသိအမှတ်ပြုထားကြပါတယ်။


Credit:Duwun




Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.