သင့် crush က သင့်ကို သဘောကျနေတယ် ဆိုတာ သိနိုင်တဲ့ လက္ခဏာ (၁၀) ချက်

play

ကိုယ်က ကြိတ်ပြီးသဘောကျနေရတဲ့သူ၊ ချစ်နေရတဲ့သူ ကိုယ့်ပြန်ပြီး သဘောကျလာစေချင်တာ အားလုံး ဖြစ်ချင်တဲ့ ဆန္ဒဖြစ်မှာပါ။ ဆန္ဒပြည့်ဝခဲ့သူတွေရှိသလို မပြည့်ဝခဲ့သူတွေလည်း ရှိခဲ့မှာပါ။
ကိုယ့်ရဲ့ crush က ကိုယ့်ကိုပြန်ပြီး သဘောကျနေသလားဆိုတာ အခုဖော်ပြမယ့် အချက်  (၁၀) ချက်ကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒီအချက်တွေ တွေ့နေရပြီဆိုရင်တော့ ဖွင့်ပြောဖို့ မစိုးရိမ်ပါနဲ့တော့။
၁။ သင်က တခြားယောက်ျားလေးတွေ၊ မိန်းကလေးတွေနဲ့ ရှိနေ၊ စကားပြောနေရင် သူသဝန်တိုနေမယ်။
၂။ သင့်ကို မကြာခဏ စကားလာပြောဖို့ ကြိုးစားမယ်။
၃။ သင့်ကိုယ်စား သူဝမ်းသာပေးမယ်။ ဝမ်းနည်းပေးမယ်။
၎။ သင့်ရဲ့ အသေးစား ပြောင်းလဲမှုတွေကို သတိထားမယ်။ ဆံပင်နည်းနည်းညှပ်လာတာတို့၊ အင်္ကျီအသစ် ဝတ်လာတာတို့မှာ သတိထားမိနေမယ်။
၅။ သင်နဲ့ နီးနီးကပ်ကပ်နေဖို့ မသိမသာကြိုးစားနေမယ်။
play

၆။ လူတွေအများကြီးထဲမှာတောင် သင့်ကိုပဲ သတိထားပြီး စကားလာပြောနေမယ်။
၇။ သင်စကားပြောရင်လည်း သူဘယ်တော့မှ ရှောင်ထွက်မသွားတတ်ဘူး။
၈။ အလုပ်နဲ့ မဆိုင်တာတွေ၊ အရေးမကြီးတဲ့ သတင်းတွေကို သင်နဲ့ခဏခဏ ပြောနေမယ်။
၉။ သင့်အကြောင်းမကောင်းပြောတဲ့သူတွေဆို သူကြည့်မရဘူး။
play

၁၀။ မျက်လုံးချင်းဆုံမိရင် သာမန်ထက်ပိုကြာတတ်တယ်။ (သာမန်မျက်လုံချင်း ဆုံမှုက တစ်စက္ကန့်တောင် မကြာပါဘူး)
Credit :duwun


Share on Google Plus

About Myanmar Magazine Onilne