ၾသစေၾတးလ် အမ်ိဳးသမီးတစ္ဦး ၁၀ ရက်အတွင်း ကိုယ်ဝန်နှစ်ကြိမ်ဆောင်ပြီး အမွှာနှစ်ဦးအား မွေးဖွား...Health

ကိုယ်ဝန်လုံးဝရနိုင်ဖွယ် မရှိဟု ပြောကြားထားသော သြစ တြေးလျနိုင်ငံသူတစ်ဦးသည် ၁၀ ရက်စီခြားပြီး ကိုယ်ဝန်ရရှိခဲ့သော အမြွှာလေးနှစ်ဦးအား မီးဖွားလိုက် ပြီဖြစ်သည်။

မစ္စစ်ကိတ်ဟေးလ်သည် မျိုး မအောင်နိုင်ဖြစ်ရသော အခြေအ နေတစ်ခုဖြစ်သည့် သားအိမ်ထဲ အရည်ကြည်အိတ်များ ဖြစ်ပေါ် သော ရောဂါအတွက် ဟော်မုန်း ကုသမှုခံယူခဲ့ရသည်။

ယင်းကာလအတွင်း မစ္စစ် ကိတ်ဟေးလ်သည် အကာအ ကွယ်မပါဘဲ တစ်ကြိမ်တည်းသာ လိင်ဆက်ဆံခဲ့သော်လည်း မတူ ညီသော အချိန်များ၌ အမြွှာပူး ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။

၎င်းသည် ထူးခြားကိုယ်ဝန် ဆောင်ခြင်းအဖြစ် ကိုယ်ဝန်ရှိနေ စဉ်အတွင်း ဒုတိယအကြိမ် ကိုယ် ၀န်ထပ်ရခြင်းဖြစ်သည်။

အမြွှာမိန်းကလေးနှစ်ဦးဖြစ် သော ချာလော့တီနှင့် အိုလီဗာတို့ သည် အရွယ်အစား၊ ကိုယ်အ လေးချိန်နှင့် ဖွံ့ဖြိုးမှုမတူညီဘဲ ပြီးခဲ့သော ၁၀ လကမွေးဖွားခဲ့သည်။

ကိုယ်ဝန်စဆောင်ပါက သာ မန်အားဖြင့် လစဉ်မျိုးဥထုတ်လုပ်ခြင်း ရပ်တန့်သွားသော်လည်းထူးခြားကိုယ်ဝန်ဆောင်မှု ဖြစ်စဉ်၌ မျိုးဥကို ဆက်လက်ထုတ်လုပ်ပေးနေသည်။

 ယင်းအခြေအနေမျိုးကို တစ်ကမ္ဘာလုံးတွင် ကြုံတွေ့ရမှု ၁၀ ကြိမ်သာရှိကြောင်း မှတ်တမ်း များအရ သိရသည်။

ယင်းအခြေအနေသည် အ လွန်ပင် ကြုံတောင့်ကြုံခဲဖြစ်သော ကြောင့် အွန်လိုင်းမှ ရှာဖွေ၍ လေ့ လာခဲ့ရကြောင်း မစ္စစ်ဟေးလ်တို့ ဇနီးမောင်နှံ၏ သားဖွားမီးယပ် ဆရာဝန် ဘရဒ်အမ်းစထရောင်း က ပြောသည်။

သို့သော် အွန်လိုင်းတွင် ယင်း ဖြစ်ရပ်ဆန်းများ ရေးသားထား ခြင်းကို မတွေ့ရဟု ၎င်းက ပြော သည်။

Credit:7Day Daily


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.