Breaking News

ကန်းစွန်ရွက်နီနဲ့ ကုလို့ရတဲ့ ရောဂါ(၅)မျိုးHealth

play

မြန်မာဆေးကျမ်းတွေမှာ ကန်စွန်းရွက်နီဟာ ရေမှာဖြစ်တဲ့ ပိုးတွကို ပယ်တယ်လို့ဖော်ပြထားပါတယ်။ ကန်စွန်းရွက်နီရဲ့အရေဟာ အဆိပ်ကိုလည်းပြေစေပြီး မီးလောင်နာတွေနဲ့ဆီးရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။
play

၁ - ငန်းမန်းရှိရင် ဗူးရွက်နဲ့ကန်စွန်းနီရွက်ကိုရေစိမ်ပါ။ ရောစပ်ကြိတ်ပြီး အရည်ကို အနာမှာဆွတ်လိမ်းပေးလိုက်မယ်ဆိုရင် အနာမန်းသိသိသာသာကျပါတယ်။
၂ - ဆီးရောဂါရှိတဲ့လူတွေအတွက် ကျိုသောက်လို့ရပါတယ်။ ကန်စွန်းနီရွက်ကိုထန်းလျက်၊မန်ကျည်းမည့်နဲ့ ဆားထည့်ပြီး ကျိုသောက်ရမှာဖြစ်ပါတယ်။ ဆီးကျောက်တည်တဲ့လူတွေအတွက် အထူးကောင်းမွန်ပါတယ်။
play

၃ - ကန်စွန်းနီရွက်သက်သက်ကိုပဲ ပြုတ်သောက်တယ်ဆိုရင် ရင်ပြည့်ဝမ်းကျရောဂါပျောက်ပါတယ်။
၎ - ဆီးမသွားတဲ့လူတွေအတွက် ဗူးရွက်နဲ့ကန်စွန်းနီရွက်ကို ဆတူရောပြီးကျိတ်ပါ။ ရလာတဲ့အရည်ကို ဆန်မှုန့်ညက်နဲ့ဖျော်ပြီး ဆီးခုံပေါ်တင်ထားပေးလိုက်ပါ။၁၅ မိနစ်အတွင်းဆီးသွားပါတယ်။ ဓမ္မတာလွန်တဲ့လူတွေလည်း ဒီနည်းအတိုင်းလုပ်လို့ရပါတယ်။
၅ - အရွက်သက်သက်ကိုပဲ ဟင်းချက်စားမယ်ဆိုရင်တော့ သွေးဝမ်းရောဂါပျောက်ပါတယ်။
Source: Burmese Medical Plants  Credit :duwun