Breaking News

သင့်ရဲ့ မစင်အနေအထားကိုကြည့်ပြီး ကျန်းမာရေးကို ခန့်မှန်းနိုင် Lifestyle,

play

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲရဘူးဆိုတဲ့ မြန်မာဆိုရိုးရှိပါတယ်။ ဝမ်းမှန်နေတယ်ဆိုတာဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ မိမိဝမ်းသွားတဲ့အခါ စွန့်ထုတ်လိုက်တဲ့ မစင်အနေအထားကလည်း မိမိရဲ့ဝမ်း ကောင်းမကောင်းဆိုတာ ပြောနိုင်ပါတယ်။
ပုံစံ - ၁
အလုံးလေးတွေ အများကြီးလိုဖြစ်နေပြီး ဝမ်းသွားရခက်တဲ့ ပုံစံမျိုးကတော့ ကျန်းမာသူတစ်ဦး မဖြစ်နိုင်ပါဘူး။ ပညာရှင်တွေကတော့ ဒီလိုမစင်မျိုးဟာ ဝမ်းချုပ်နေတာကို ညွှန်ပြနေပြီး အမျှင်ဓာတ်လုံလုံလောက်လောက် မစားဘူးဆိုတာ သိသာစေပါသတဲ့။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ကွေကာလည်း စားသုံးပေးဖို့လိုပါတယ်။
ပုံစံ - ၂
တစ်ဖြောင့်တည်းပေမဲ့ ချောမွတ်နေတာမဟုတ်တဲ့အတွက် အနည်းငယ် ဝမ်းချုပ်နေပုံရပါတယ်။
ပုံစံ - ၃
ဝက်အူချောင်းလိုပုံစံမျိုးနဲ့ အပေါ်ယံက အက်ကွဲမှုလေးတွေ မြင်နေရရင်တော့ ဒီလူက ကျန်းမာရေးကောင်းတယ်လို့ ဆိုရမှာပါ။
play

ပုံစံ - ၎
ဒီလိုမစင်မျိုးက ကျန်းမာသူတစ်ဦးရဲ့ မစင်အဖြစ် သတ်မှတ်နိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ပျော့ပျောင်းပြီး မြွေလို တစ်ဆက်တည်းစွန့်ထုတ်တဲ့ ပုံစံမျိုးကို ခေါ်ပါတယ်။
ပုံစံ - ၅
တစ်ကြိမ်တည်း စွန့်ထုတ်တာမဟုတ်ဘဲ အပိုင်းအပိုင်းလေးတွေနဲ့ပုံစံဟာ များသောအားဖြင့်တော့ မစင်စွန့်ရလွယ်ကူလေ့ရှိပါတယ်။ ဒါပေမဲ့ အမျှင်ဓာတ် ပိုစားပေးဖို့လိုနေတဲ့ လက္ခဏာပါပဲ။
ပုံစံ - ၆
ဒီလိုပုံစံမျိုး ဖြစ်နေရင်တော့ ဆရာဝန်ဆီ သွားတွေ့လိုက်ပါ။ အူမကြီး ရောင်ရမ်းနေပုံရပါတယ်။
ပုံစံ - ၇
အရည်တွေချည်းပဲ သွားနေပြီဆိုရင်တော့ ၀မ်းလျှောဝမ်းပျက် ဖြစ်နေလို့ပါပဲ။ ကျန်းမာရေး မကောင်းပါဘူး။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေ ဝမ်းဗိုက်ထဲရောက်နေလို့ ဝမ်းလျှောရတာ ဖြစ်ပါတယ်။
Source : Express UK Credit :duwun