အမျိုးသားတွေထက် အမျိုးသမီးတွေဟာ လေးလံတဲ့ကျောပိုးအိတ်၊ အထုတ်အပိုးတွေကို သယ်သင့်တာLifestyle



အမျိုးသားတွေက အမျိုးသမီးတွေရဲ့ အထုပ်အပိုးတစ်ဝက်ကို သယ်ပေးဖို့ အကူအညီပေးလာတဲ့အခါ မှာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်တာဟာ အမျိုးသမီးတွေအတွက် ပိုပြီး မှန်ပါလိမ့်မယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လေးလံတွေ အထုပ်အပိုးတွေကို ပိုပြီး သယ်ဆောင်သင့်ပါတယ်။ ဒီလိုပြောလို့ မအံ့သြသွားပါနဲ့။ အကြောင်းရင်းကို ပြောပြပေးပါမယ်။

သုတေသီတွေဟာ ခန္ဒာကိုယ် သေးငယ်တေဲ့ တာဝေးခရီးသွားတွေဟာ ခန္ဓာကိုယ်ကြီးမားတဲ့ တာဝေးခရီးသွားတွေထက် အထုပ်အပိုးအကြီးတွေ သယ်ဖို့ ပိုအဆင်ပြေတာကို တွေ့ရှိခဲ့ပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွေဟာ လမ်းလျှောက် ခရီးသွားတွေအနေနဲ့ ကျောပိုးအိတ်တွေ လွယ်ခြင်းမှာ သူတို့ ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ဆွဲခေါ်ဖို့ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

လမ်းလျှောက်ခရီးထွက်ခြင်းလမ်းညွှန်ချက်တွေထဲမှာ ကျောပိုးအိတ်ဟာ ခန္ဓာကို အရွယ်အစားပေါ် အခြေခံရမှာဖြစ်ပြီး ခန္ဓာကိုယ်သေးငယ်သူတွေဟာ ပေါ့ပါးတာတွေကို သယ်ယူရမယ် လို့ ဆိုထားပေမယ့်လည်း ဒါကို ကန်းဆက်ပြည်နယ် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက နားလည်မှုလွဲနေတယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

“ သတ္တ၀ါတွေရဲ့ အရွယ်အစားကြီးလာတဲ့အခါ သူတို့ရဲ့ ခွန်အားတွေဟာ ခန္ဒာကိုယ် အလေးချိန်ထက် နှေးကွေးစွာ တိုးလာပါတယ်။ ဒါဟာ ပုရွက်ဆိတ်သေးသေးလေးတွေ သူတို့ ခန္ဓာကိုယ် အလေးချိန်တွေထက် လေးလံတဲ့ အရာတွေကို သယ်ပိုးနိုင်တဲ့ အဓိကအချက်ဖြစ်တယ်။” လို ကန်းဆက် တက္ကသိုလ်က Professor O’Shea က ဆိုပါတယ်။

ဒါ့ကြောင့် အလေးချိန်များတဲ့ အမျိုးသားတွေထက် အလေးချိန်နည်းတဲ့ အမျိုးသမီးတွေဟာ အထုပ်အပိုးတွေ ပိုမိုသယ်ဆောင်သင့်တယ်လို့ ဆိုရခြင်းပဲဖြစ်ပါတယ်။

Credit :Trend Myanmar

Share on Google Plus

About Myanmar Magazine Onilne