သင့်ကိုအသက်တိုစေတဲ့ ဖက်ရှင် (၃) မျိုး Love

play

၁။ ဒေါက်မြင့်ဖိနပ်
ဒေါက်ဖိနပ်ပိုမြင့်လေလေ ခြေမျက်စိကို အရှေ့ရောက်သွားစေလေလေပါပဲ။ ဒါကြောင့် ခြေဖဝါးတွေသာမက ခြေသလုံးနဲ့ ကျောဘက်မှာပါ နာကျင်မှုကို ခံစားရစေပါတယ်။ ဒူးဆစ်နဲ့ ခြေဖဝါးကို ထိခိုက်စေလို့ ဒေါက်မြင့်ဖိနပ်ကြိုက်လွန်းသူတွေအတွက် သတိထားဖို့လိုပါတယ်။
play

၂။ ခပ်ကျပ်ကျပ်ဂျင်းဘောင်းဘီ (skinny jeans)
Skinny ဂျင်းဘောင်းဘီတွေဟာ အမျိုးသမီးတွေမှာသာမက အမျိုးသားတွေကြားမှာပါ ရေပန်းစားနေတဲ့ဖက်ရှင်ပါ။ အရမ်းကျပ်လွန်းတဲ့ ဘောင်းဘီကို ဝတ်ဆင်ခြင်းက ဒူးဆစ်ကို ကွေးဆန့်ဖို့ လေးလံစေပြီး ဒူးဆစ်နဲ့ခြေချောင်းလေးတွေကို အားနည်းသွားစေနိုင်ပါတယ်။
play

၃။ ကော့ဆက် (corsets)
ကင်မ်ကာဒါရှီယန် ကိုယ်လုံးလှရခြင်းရဲ့ အဓိကအချက်ကတော့ ကော့ဆက်လို့ခေါ်တဲ့ ခါးကိုသေးသိမ်စေတဲ့ ပုံသွင်းအထောက်တွေပါ။ ကော့ဆက်ကို အမြဲတမ်းဝတ်ထားရင် ခါးကိုသေးသွားစေတာတော့ အမှန်ပါပဲ။ သူ့ရဲ့ဆိုးကျိုးကိုတော့ မေ့မထားသင့်ပါဘူး။ တကယ်တော့ ကော့ဆက်တွေဟာ ခါးကိုသိမ်သွားအောင် ညှစ်ထားတဲ့အတွက် အသက်ရှုကြပ်တာ၊ နာကျင်တာကို ခံစားရပါလိမ့်မယ်။ ဒါ့ပြင် နံရိုးတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာလည်း ကော့ဆက်ရဲ့ဆိုးကျိုးတစ်ခုပါပဲ။
Source : Motto 

Credit :duwun

Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.