ဆိုင်ကယ်စီးရင်း ချစ်တင်းနှီးနှောခဲ့တဲ့ အိန္ဒိယစုံတွဲlove


လမ်းသွားလမ်းလာ တစ်ဦးမှ အိန္ဒိယနိုင်ငံ Goa က အဝေးပြေး ကားလမ်းမတစ်လျှောက် ဆိုင်ကယ်စီး ခရီးသွားနေရင်း ချစ်တင်းနှီးနှောနေတဲ့ စုံတွဲတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က ၄င်းစုံတွဲကို ခြေရာခံ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ပုံမှာ အမျိုးသားက တီရှက်တစ်ထည်နဲ့ ခြေအိတ်တစ်စုံသာ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

ဒီလို နေ့ခင်းကြောင်တောင် ဆိုင်ကယ်စီးရင် ချစ်တင်းနှီးနှောနေတာမျိုးဟာ Mandovi တံတားပေါ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြုမူနေတဲ့ စုံတွဲကို ရဲသားတစ်ယောက် တစ်လေမျှ သူတို့ကို မတားဆီးခဲ့ကြပါဘူး။ လမ်းသွားလမ်းလာတစ်ဦးကတော့ ဒီမြင်ကွင်းကို ဓာတ်ပုံရိုက်တင်လိုက်ပါတယ်။

သို့ပေမယ့် ၄င်းဓာတ်ပုံ ပျံ့နှံ့ပြီးနောက် ဆိုင်ကယ်ပိုင်ရှင်ကို ခြေရာခံလိုက်ရှာဖို့ ရဲတပ်ဖွဲ့က စီစဉ်ဆောင်ရွက်ခဲ့တာပြီး ဆိုင်ကယ်မှာ အငှားဝန်ဆောင်မှုလုပ်ငန်းတစ်ကဆိုတာသိရပြီး Madhya Pradesh ပြည်နယ်မှ ချစ်သူစုံတွဲတစ်တွဲအား ငှားပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရဲမှ မေးမြန်းစစ်ဆေးတော့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ နာမည်ကြီး ကမ်းခြေ တစ်ခုတည်ရှိရာ အိန္ဒိယနိုင်ငံ တောင်ပိုင်းသို့ ဆိုင်ကယ်စီး မတော်မရော်ပြုမူခဲ့မိကြောင်း ဝန်ခံခဲ့ကြပါတယ်။ ၄င်းစုံတွဲကို ရဲမှ ဒဏ်ငွေ Rs 1,000 (₤10) ဒဏ်ရိုက်ပေးဆောင်စေခဲ့ပါတယ်။

Credit : Trend Myanmar
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.