ခန္ဓာကိုယ်အချိုးအစား လှဖို့အတွက် ဖိုတိုရှော့ သုံးရာက အားလုံးရဲ့ဝေဖန်မှုကို ခံခဲ့ရတဲ့ Mariah Carey



ကမ္ဘာကျော်အဆိုတော် Mariah Carey ဟာ  ကျေးဇူးတော်ချီးမွမ်းခြင်းပွဲ အမှတ်တရအနေနဲ့ သူမရဲ့ instagram account မှာ ဓာတ်ပုံတစ်ပုံ တင်ခဲ့ပါတယ်။ ပုံထဲမှာ သူမက တစ်ဖက်က မုန့်ထည့်ထားတဲ့ ဗန်းလေးကိုင်၊ တစ်ဖက်ကမုန့်အပေါ် ခရင်မ်ထည့်ဖို့အတွက် စပရေးလိုဗူးလိုတစ်ခုကို ကိုင်ထားတာ တွေ့ရပါလိမ့်မယ်။ အသားကပ်ဂျင်းဘောင်းဘီ နဲ့ Lace-up bodysuit အကျီကို ၀တ်ဆင်ထားတဲ့ Mariah Carey ရဲ့ ဓာတ်ပုံကို ဖြတ်ခနဲကြည့်ရင် ထူးခြားနေတာတွေကို သတိပြုချင်မှ ပြုမိပါလိမ့်မယ်။ ဒါပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ သူမ ဓာတ်ပုံတင်ပြီးပြီးချင်း သိပ်မကြာခင်မှာပဲ သူမရဲ့ ဖိုတိုရှော့စကေး ညံ့ဖျင်းကြောင်း သိသွားကြပါတယ်။ 
ဒီ ဓာတ်ပုံမှာ ဖိုတိုရှော့ နဲ့ပြင်ထားတဲ့ နေရာနှစ်နေရာဟာ တော်တော်လေး ရယ်စရာကောင်းနေပါတယ်။  ပထမနေရာက သူမ ပခုံးနားကတစ်ဝိုက်ပါ။ ပခုံးနဲ့လက်ကြားက မှန်ဟာ ဖိုတိုရှော့ ကြောင့် အောက်ဘက်နားတွန့်နေတာကို မြင်ရပါလိမ့်မယ်။ နောက်ထပ် တစ်နေရာကတော့ ဒူးခေါင်းနားမှာပါ။ ညာဘက်ဒူးခေါင်းနဲ့ပေါင်းနားတစ်ဝိုက်ကို ဖိုတိုရှော့ နဲ့သေးထားတာကြောင့် ဗီရိုအနေအထားက သာမန်မဟုတ်ပဲ တွန့်နေတာကို မြင်ရဦးမှာပါ။ 
သူမရဲ့ ဓာတ်ပုံအောက်မှာ "တွေ့ဖူးသမျှ ဖိုတိုရှော့  ထဲမှာ ဒါကတော့ အဆိုးဆုံးပဲ" ဆိုတဲ့ ကွန်မန့်တွေ၊ " ဗီရိုနဲ့မှန်ကို အဲ့လိုတွန့်အောင် လုပ်လို့ရတယ်ပေါ့" ဆိုတဲ့ကွန်မန့်တွေ ရေးသားထားကြတာမြင်ရပေမယ့် တစ်ချို့ကျတော့လည်း သူမပျော်နေတာကို မဖျက်စီးလိုက်ပါနဲ့ ဆိုပြီး အကောင်းမြင်တဲ့ဘက်က ရေးသားထားတာ တွေ့ရပြန်ပါတယ်။
ဒီပုံကြောင့် သူမ အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားမယ် မသွားဘူးဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် နောက်တစ်ခါပုံတင်ရင်  ဖိုတိုရှော့သေချာလုပ်ရတော့မယ်ဆိုတာတော့ သူမ သေချာသိသွားလောက်ပါပြီ။

Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine