Breaking News

အင်္ဂါဂြိုဟ်ပေါ်မှာ ရှေးဟောင်းမြို့ရိုးများကို NASA မှတွေ့ရှိထားဟုUFAHအဖွဲ့ဆို

အင်္ဂါဂြိုဟ်


NASA အာကသာအေဂျင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်္ဂါဂြိုဟ်ပေါ်မှာ မြို့ရိုးကာရံထားသည့် ရှေးဟောင်းမြို့များ တွေ့ရှိခဲ့ကြောင်း UFAH အဖွဲ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ United Family of Anomaly Hunters အဖွဲ့ဟာ အဆိုပါ ဗွီဒီယို
ဖိုင်ကို ဖြန့်ဝေခဲ့ပါတယ်။ အဲဒီဗွီဒီယိုထဲမှာ NASA မှ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အတွဲလိုက် ဖော်ပြခဲ့ပါတယ်။

YouTube မှာ ဖြန့်ဝေခဲ့တဲ့ အဆိုပါ ဗွီဒီယိုဖိုင်ကို ” MRO အာကာသယာဉ်မှတစ်ဆင့် အင်္ဂါဂြိုဟ်ပေါ်ရှိ မြို့ရိုးကာရံထား
သည့် ရှေးဟောင်းမြို့များကို NASA တွေ့ရှိ”လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ 2005 ခုနှစ်မှာ NASA အဖွဲ့ဟာ MRO အာကသယာဉ်(Mars Reconnaissance Orbiter)ကို Cape Canaveral မြို့မှ စတင်လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါအာကာသယာဉ်ရဲ့ အဓိက လုပ်ငန်းဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရေအရင်းမြစ် ရှိမရှိကို ရှာဖွေပေးရန် ဖြစ်ပါတယ်။ ဒါပေမယ့် MRO ယာဉ်ဟာ တစ်ခြားထူးဆန်းသော တွေ့ရှိမှုတွေကိုလည်း ကမ္ဘာဂြိုဟ်ကို ပြန်လည်ပေးပို့လေ့ရှိခဲ့ပြီး ယခု ရှေး
ဟောင်းမြို့များလည်း အပါအ၀င် ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်
ဗွီဒီယိုထဲမှာ ပါဝင်တဲ့ ဓာတ်ပုံတွေအရတော့ အနားငါးခုပါ ပဉ္စဂံကဲ့သို့ Foundation တွေကို တွေ့ရပြီး၊ မြို့ရိုးများ
ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ ၎င်းတို့ အလယ်မှာ အတွင်းကျကျ ၀ိုင်းစက်နေတဲ့ပုံစံကတော့ ဂြိုဟ်သားတွေ အဓိကနေ
ထိုင်ခဲ့ရာ မြို့လို့ ယူဆရပါတယ်။
ယင်းကဲ့သို့ ပဉ္စဂံပုံစံတော်တော်များများ တွေ့ခဲ့ရပြီး ဒါတွေဟာ မြို့ရိုးကာရံတည်ဆောက်ထားတဲ့ ရှေးဟောင်းမြို့တော်တွေ
ရဲ့ အောက်ခံ Foundation တွေ ဖြစ်ရမယ်လို့ မှတ်ချက်ချခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဆဋ္ဌဂံပုံစံ အသွင်အပြင်တွေဟာ အင်္ဂါ
ဂြိုဟ်ရဲ့မျက်နှာပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်စဉ်တွေဖြစ်ပြီး မြို့များမဟုတ်ကြောင်း အခြားပညာရှင်တွေက ဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လက်မခံနိုင်သူတွေဘက်က အရေအတွက် အတော်လေးများခဲ့ပါတယ်။ ၎င်းတို့ထဲမှာ တစ်
ယောက်က “NASA အနေနဲ့ ပြောချင်ရာ ပြောနိုင်ပါတယ် … ဒါပေမယ့် ကျနော်ကတော့ ဘယ်တုန်းကမှ သဘာဝကျ
တယ်လို့ မတွေးမိဘူး “လို့ ပြောခဲ့ပါတယ်။

source : thesun.co.uk