အဖေရင်းဖြစ်သူမှ အဌမတန်းကျောင်းသူ သမီးအား ခွေးဇာတ်ခင်း မုဒိန်းကျင့်News


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ ကရင်တောကျေးရွာ မြို့ပေါက်ဝဘုန်းကြီးကျောင်းအနီး ဦးဖိုးသောင်း ရာဘာခြံ၌ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှ လာရောက်လုပ်ကိုင်နေသော ဦးပွင့်ဦး သည် သမီးအရင်းဖြစ်သူ အဌမတန်းကျောင်းသူအား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး " မိခင်အားပြန်ပြောလျှင် သတ်ပြစ်မည်"ဟု ခြိမ်းခြောက် ပြောဆိုထားသည်ဟု သမီးဖြစ်သူမှ ပြောဆိုပါသည်။

အခင်းဖြစ်မည့်ညတွင် အမေဖြစ်သူမှ သားများဖြစ်သူ ဒုလ္လာဘဝတ် ကိုရင်များနှင့် သွားရောက်အိပ်နေသဖြင့် ခြံထဲရှိတဲ၌ အဖေနဲ့သမီး နှစ်ယောက်တည်း ကျန်နေခဲ့ သည်ကို အခွင့်ကောင်းယူကာ ဖခင်ဖြစ်သူမှ အရက် သောက်ထားပြီး သမီးအရင်းအား `ငှက်ဖျားရောဂါထတယ်´ ဆိုပြီး ဖိခိုင်းရာမှ သားမယား အဖြစ် ပြုကျင့်ကြောင်း သိရပါသည်။ နောက်တစ်နေ့၌ မိခင်ဖြစ်သူပြန်ရောက်လာသဖြင့် သမီးဖြစ်သူမှာ မိခင်အားပြောပြပြီး ဦးပွင့်ဦး က သူများ တွေ လိုက်ပြောရင်သတ်ပစ်မည်ဟု ကြိမ်းမောင်း နေသဖြင့် မိခင်ဖြစ်သူနှင့် သမီးမှာ ကြောက်လန့်လာ သဖြင့် ကျိုက်မရောလူငယ်ပရဟိတဖွဲ့ထံသို့ ဆက်သွယ် ပြီး ကျိုက်မရော မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်မင်းသူနှင့် ဆက်သွယ်ပြီး နယ်ထိန်း တပ်ဖွဲ့ဝင်များနှင့် တရာခံအား အမြန်ဆုံးဖမ်းမိစေရန် ကျိုက်မရောလူငယ်ပရဟိတအဖွဲ့ ကျိုက်မရောမှုးယစ် ဆန့်ကျင်းရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ဦးဖိုးသောင်း ရာဘာ ခြံ၌ တရားခံဖြစ်သူ ဦးပွင့်ဦးအား သွားရောက်ဖမ်းဆီး ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

#ကျိုက်မရောလူငယ်ပရဟိတ


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.