နားအေးပါးအေးနဲ့သက်တောင့်သက်သာ ထိုင်ချင်သူတွေအတွက် အင်းစိန်ဘိုကုန်းမှာ တည်ရှိတဲ့ Savino + Café & Restaurant ဆိုင်လေးကိုသွားရအော

နားအေးပါးအေး သွားထိုင်ချင်တဲ့ လူငယ်များအတွက် တနင်္လာနေ့ကနေ စနေနေ့ထိဖွင့်တဲ့ ကိုရီးယားဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆိုင်လေးကတော့ အင်းစိန် ဘိုကုန်းဈေးရှေ့က မဂ္ဂင်ကျောင်းလမ်းထဲမှာတည်ရှိတာပါ။ တစ်ဆိုင်လုံးကို သစ်သားတွေ၊ သစ်ပင်အရိုးတွေ၊ မီးအိမ်လေးတွေ၊ ကော်ဖီစေ့လေးတွေနဲ့အလှဆင်ထားတဲ့အပြင် ကျယ်ဝန်းပြီးသက်သောင့်သက်သာအပြည့်ရှိသလို ဆိုင်ပြင်ဆင်မှုအပိုင်းကလဲ အရမ်းကို လန်းလှတဲ့ Savino + café & Restaurant ဆိုတဲ့ ကိုရီးယားဆိုင်လေးပါ။ ဆိုင်ဖွင့်ထားတာနှစ်လလောက်ပဲ ရှိသေးပေမဲ့ ကျောင်းသားကျောင်းသူတွေနဲ့လူငယ်တွေအလာများသလို နားအေး၊ ပါးအေးရှိတဲ့နေရာ၊ အလှဓာတ်ပုံရိုက်ကူးချင်တဲ့သူတွေအတွက်သင့်တော်တဲ့နေရာ၊ ဈေးနှုန်းလေးတွေကသင့်တင့်ပြီး ထိုင်ချင်စဖွယ်ဖြစ်နေတဲ့ အင်းစိန်က ကိုရီးယားဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
-Café Savino + ဆိုတဲ့ ဆိုင်လေး စဖွင့်ဖြစ်ပုံအကြောင်းလေးကို အရင်ပြောပြပေးပါဦး။
ဒီဆိုင်လေးက အရင်က လှည်းတန်း ဇေယျာသီရိလမ်းထဲမှာ နှစ်နှစ် သုံးနှစ်လောက်ဖွင့်ခဲ့တယ်။ နောက်ပြီး သမိုင်းမုဒိတာအိမ်ရာထဲမှာလဲ ပြန်ဖွင့်ခဲ့တယ်။ နောက်အဲ့ဒီကဆိုင်တွေကို ပိတ်ပြီး အခု အင်းစိန် ဘိုကုန်း မဂ္ဂင်ကျောင်းလမ်းထဲက BK Centre အောက်ထပ်မှာအသစ်ထပ်ဖွင့်လိုက်တာပါ။ ဒီမှာဖွင့်တာကတော့ ၂ လလောက်ပဲရှိပါသေးတယ်။
-အရင်ကဖွင့်ခဲ့တဲ့ ဆိုင်တွေကရော အခုဆိုင်ပုံစံနဲ့တစ်ပုံစံတည်းပဲလား။
အရင်တုန်းက ဆိုင်ပုံစံနဲ့အခုဆိုင်ပုံစံကမတူပါဘူး။ အရင်တုန်းကဆိုင်ပုံစံကတော့ ပုံမှန် ကော်ဖီဆိုင်တွေလိုပဲ။ ဒါပေမဲ့ သစ်သားနဲ့လုပ်ထားတာပဲပေါ့။ အခုကတော့ တော်တော်လေးပြင်ဆင်လိုက်တယ်။ မီးဆိုင်းလေးတွေထည့်တယ်။ သစ်သားတွေနဲ့ချည်းပဲလုပ်ထားတယ်။ သစ်ပင်လေးတွေလဲ ထည့်ထားတယ်ပေါ့။ ဒီဆိုင်လေးရဲ့ပိုင်ရှင်က ဗမာနဲ့ကိုရီးယားအစပ်ပေါ့။ ဒီဆိုင်လေးရဲ့ Decoration ကိုလုပ်ပေးတာက သူ့ရဲ့သူငယ်ချင်းဒီဇိုင်းဆရာရဲ့ အိုင်ဒီယာနဲ့အခုလိုခပ်ဆန်းဆန်းလေးလုပ်ဖြစ်သွားတာပါ။
-ဒီနှစ်အတွင်းမှာ လာရောက်လာတဲ့ ကာစတမ်မာ အခြေအနေကရော ဘယ်လိုရှိလဲ။
လောလောဆယ်ကတော့ ကာစတမ်မာများပါတယ်။ လူငယ်ဆယ်ကျော်သက် လေးတွေများတယ်။ နောက် နိုင်ငံခြားသားတွေလဲ လာကြတယ်။ တချို့ကတော့ ဓာတ်ပုံရိုက်ကြတယ်။ ကာစတမ်မာတွေလဲ လာရိုက်ကြသလို နာမည်ကြီး အနုပညာရှင်တွေလဲလာရိုက်ကြတယ်။
-အဲ့ဒီလိုလာရိုက်တဲ့အခါမှာရော အစ်ကိုတို့အနေနဲ့အခကြေးငွေယူဖြစ်လား။
ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေလာရိုက်တဲ့အခါ တစ်နာရီကို ငါးသောင်းယူပါတယ်။ အချိန်လေးတော့ သတ်မှတ်ထားပါတယ်။ မနက် ၇နာရီကနေ နေ့လည် ၁၀နာရီထိရယ်၊ နောက်ည ကိုးနာရီကနေ ည ၁၂ နာရီထိရိုက်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကြားအချိန်က ကာစတမ်မာတွေရှိတော့ အဆင်မပြေမှာစိုးလို့ပါ။ ဆိုင်ဖွင့်ချိန်က မနက် ကိုးနာရီ ညကိုးနာရီဆိုတော့လေ။ အဲဒါကြောင့် အဲ့ဒီလိုလေးတော့ သတ်မှတ်ထားပါတယ်။
-ဒီဆိုင်မှာ ဘာတွေအဓိကရနိုင်မလဲ။
အဓိက ကော်ဖီ ၊ နောက် Fresh Juice ၊ Milkshake ၊ Smoothies ၊ Soda တို့အစုံရမယ်။ နောက် Food အနေနဲ့လဲ အစားအသောက်ပိုင်းကို ထပ်လုပ်ထားတယ်။ ကိုရီးယားထမင်းသုပ်တို့၊ ထမင်းလိပ်တို့ကိုရီးယားစာလေးတွေရမယ်။ နောက်ခေါက်ဆွဲနဲ့ပတ်သက်တာလေးတွေရမယ်။ ထမင်းနဲ့ပတ်သက်တာလေးတွေရမယ်။ sandwich နဲ့ toast ရမယ်။ မီနူးပိုင်းကိုလဲ နည်းနည်းထပ်ထည့်ဖို့ရှိဦးမယ်။
-ဈေးနှုန်းအနေနဲ့ရော ဘယ်လိုသတ်မှတ်ထားလဲ။
အနည်းဆုံး ၁၀၀၀ ကနေ အများဆုံး ငါးထောင်အထိပဲသတ်မှတ်ထားပါတယ်။
-အစ်ကိုတို့ဆိုင်မှာ ကာစတမ်မာ အမှာဆုံးအစားအစာကရော ဘာများဖြစ်မလဲ။
ကိုရီးယား ထမင်းသုပ်ပါ။
-အင်းစိန်ဖက်မှာ ဘာလို့ရွေးချယ်ပြီးဖွင့်ဖြစ်တာလဲ။
ဒီမှာကျတော့ ကားပါကင်လဲရှိတယ်ဆိုတော့ အဆင်ပြေတယ်။ လှည်းတန်းတို့၊ မုဒိတာအိမ်ရာတို့မှာဖွင့်တုန်းက ပါကင် အဆင်မပြေဘူး။ အဲ့ဒါကြောင့် ဒီအင်းစိန်ဖက်ကိုရွေးပြီး လာဖွင့်ဖြစ်တာပါ။ တော်တော်များများက ကားနဲ့လာကြတာဆိုတော့ ပါကင်ကျယ်မှ အဆင်ပြေတာဆိုတော့ တိတ်ဆိတ်တာရယ်၊ ကားပါကင် အဆင်ပြေတာရယ် ၊ နားအေးပါးအေးလာထိုင်ချင်တဲ့သူတွေကို ရည်ရွယ်ပြီး ဒီဖက်မှာဖွင့်ဖြစ်တာပါ။
-မွေးနေ့ပါတီတွေလာလုပ်ချင်ရင်ရော လက်ခံဆောင်ရွက်ပေးတာမျိုးရှိလား။
အခန်းကတော့ တစ်ခန်းပဲရှိတယ်။ မွေးနေ့လုပ်ဖို့အတွက်သီးသန့်စီစဉ်ထားတာမျိုးမဟုတ်ဘူး။ မွေးနေ့လုပ်ချင်ရင်ကြိုပြီးတော့ ဖုန်းဆက်ထားရမယ်။ နောက်တစ်နာရီမကျော်ဘူး။ ဒီကဟာပဲမှာစားမယ်ဆိုရင်တော့ အခန်းခမပေးရဘူး။ ဒါပေမဲ့ တစ်နာရီကျော်မယ်ဆိုရင်တော့ တစ်နာရီကို ၁၀၀၀၀ ပေးရပါမယ်။ မွေးနေ့ကိတ်တော့မှာလို့မရဘူး။ ကိုယ့်ဟာကိုယ်အပြင်က၀ယ်ခဲ့မှပဲအဆင်ပြေမယ်ပေါ့။ နောက်ပိုင်းကျရင်တော့ လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်။
-ဆိုင်ကပိတ်ရက်ရောရှိလား။
ဒီဆိုင်မှာရှိတဲ့လူတွေအားလုံးက ခရစ်ယာန်ဆိုတော့ တနင်္ဂနွေတစ်ရက်တော့ ပိတ်တယ်။ ဘုရားကျောင်းတက်ရလို့ပါ။ ကြားထဲရက်တွေကတော့ နေ့တိုင်းဖွင့်ပါတယ်။
-ဆိုင်ကိုလာတဲ့ ကာစတမ်မာတွေကိုရော ဘာများပြောချင်သေးလဲ။
ကျွန်တော်တို့ အားလုံးက ခရစ်ယာန်တွေဖြစ်တဲ့အတွက် လာတဲ့ကာစတမ်မာတိုင်းကို ချစ်ခြင်းမေတ္တာအပြည့်နဲ့တော့ဆက်ဆံပါတယ်။ ချစ်ခင်ပါတယ်။
-ဆိုင်ရဲ့တည်နေရာလေးကိုလဲပြောပြပေးပါဦး။
အမှတ် ၅ ( F ) မြေညီထပ်၊ BK Center ၊ ဘိုကုန်း ၊ အင်းစိန်ပါ။  

Credit :Trend Myanmar 
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.