Selena Gomez ရဲ့ Same Old Love တေးရေးဆရာမ Charli XCX ရဲ့ သီချင်းနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်အကြောင်း



၂၀၁၅ခုနှစ်မှာ တော်တော်လေး နာမည်ကြီးသွားတဲ့ Selena Gomez ရဲ့ Same Old Love သီချင်းဟာ နားထောင်ရသူတွေအတွက်တော့ Selena ကိုယ်တိုင်ခံစားရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်လိုပါပဲ။ Justin Bieber ကို ပြောချင်တဲ့ အကြောင်းအရာတွေ ချရေးထားသလားလို့တောင် ထင်ရတဲ့ ဒီသီချင်းကို တကယ်တော့ Selena Gomez က ပေါ့စတားတစ်ဦးဖြစ်တဲ့ Charli XCX ဆီကနေ ယူဆိုခဲ့တာပါ။

ဒီအကြောင်းကို မကြာသေးခင်က Charli က ဖွင့်ဟခဲ့ပြီး Selena ရဲ့ Revival အယ်လ်ဘမ်မှာ သူမရဲ့သီချင်းဘယ်လိုပါဝင်သွားခဲ့ကြောင်းကိုပါ ခုလို ဆိုသွားပါတယ်။ "Same Old Love သီချင်းလေးက ကိုယ့်ဘာသာကိုယ် ရေးထားတဲ့ သီချင်းလေးပါပဲ။ ဒါကို Selena က သဘောကျသွားတယ်။ စာသားတွေက သူ့ဖြစ်ရပ်တွေနဲ့လည်း နည်းနည်းဆက်နွယ်နေသလို ခံစားသွားရတာကိုး"လို့ သူမက ပြောပြပါတယ်။

ကိုယ့်သီချင်းကို သူများကိုပေးလိုက်ပြီးမှ အရမ်းပေါက်သွားတဲ့အခါ သူမအနေနဲ့ ဘယ်လိုခံစားခဲ့ရသလဲဆိုတောကိုတော့ သူမက "တစ်ခါတစ်လေ ဒါလေး ငါသိမ်းထားလိုက်ရင် ကောင်းမှာဆိုပြီး ပြန်စဉ်းစားမိတာတွေရှိတယ်။ ဘယ်လိုပဲပြောပြော ကိုယ်ရေးတဲ့ သီချင်းလေးကို Selena ဆိုတဲ့အခါ အရမ်းကိုကောင်းသွားတာကိုတော့ သဘောကျမိတယ်။ သူဆိုတော့မှ အိုဘုရားရေ ဒီသီချင်းလေး ငါဆိုချင်လိုက်တာ ဆိုပြီးတော့တောင် ဖြစ်သွားမိပါတယ်။ ဒါပေမယ့် Selena ဆိုလိုက်တော့ သူ့အခြေအနေကြောင့်ရော၊ သူ့အသံ၊ အဆွဲအငင်၊ ဆိုပုံဆိုပေါက် အရမ်းကောင်းတာကြောင့်ပါ ဒီသီချင်းလေး အသက်ဝင်သွားသလိုလည်း ခံစားမိပါတယ်"တဲ့။

ဒီသီချင်းပေါက်သွားခြင်းအားဖြင့် Charli ဟာ တကယ်တော်တဲ့ သီချင်းရေးဆရာဆိုပြီးတော့လည်း အားလုံးသိသွားကြပါပြီ။ ဒီသီချင်းက ကိုယ့်အပေါ်မကောင်းတဲ့ ရည်းစားဟောင်းအားလုံးအတွက် ရည်ရွယ်ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ဆိုတာကိုလည်း သီချင်းနာမည်ကြားရုံနဲ့ သိနိုင်တယ်လေ။


Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine