အဝတ်အစားမပါဘဲ အိပ်စက်ခြင်းက ဝိတ်ကျစေနိုင်Slider


အိပ်ရာပေါ်မှာ အိပ်စက်အနားယူနေရုံနဲ့ ဝိတ်ကျနိုင်တယ်ဆိုတဲ့သတင်းဟာ ဝိတ်ချချင်တဲ့သူတွေအတွက် သတင်းကောင်းပါပဲ။ ဒါပေမဲ့ မအိပ်ခင်နဲ့ အိပ်စက်ချိန်မှာ အလေ့အကျင့်လေးအချို့ကို လိုက်နာဖို့ လိုပါတယ်။

အဝတ်အစားချွတ်အိပ်စက်ခြင်း၊ မီးပိတ်ပြီး အမှောင်ခန်းထဲမှာ အိပ်စက်ခြင်း၊ စပျစ်သီးဖျော်ရည်သောက်ခြင်းနဲ့ အိပ်ခါနီးအစာစားခြင်းတို့ဟာ အိပ်စကချိန်မှာ ခန္ဓာကိုယ်အဆီကို လောင်ကျွမ်းစေဖို့ အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။

အဝတ်အစားချွတ် အိပ်စက်ခြင်းက အစာချေဖျက်မှုနှုန်းကို တိုးတက်အောင် ကူညီပေးလို့လို့ ဆိုပါတယ်။ ဒါဟာ ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့လည်း အထောက်အကူပြုပါတယ်။

အိပ်ခါနီးအစာစားခြင်းဟာ မကောင်းဘူးလို့ ဆိုကြပေမဲ့ တကယ်တော့ အိပ်ခါနီး အစာလုံးဝမစားခြင်းဟာ ၀ိတ်ကျခချင်သူတွေ မလုပ်သင့်ဘူးလို့ ဒေါက်တာ မီရှယ်ဘရုဒ်က ဆိုပါတယ်။

"ပထမအချက်အနေနဲ့ ဝမ်းဟာဟာနဲ့ အိပ်ရင် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူး။ ဒုတိယအချက်က မနက်မိုးလင်းတာနဲ့ ဗိုက်စာပြီး မနက်စာကို အများကြီး စားတတ်တယ်" လို့ သူက ဆိုပါတယ်။

ညဘက်မှာ ကယ်လိုရီ ၃၀၀ အောက် အစားအစာတွေကို စားဖို့အတွက် ဒေါက်တာ မီရှယ်က အကြံပြုထားပါတယ်။

Credit : duwun


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.