Breaking News

မင်္ဂလာဧည့်ခံပွဲ ရက်သတ်မှတ်လိုက်ပြီ ဖြစ်တဲ့ Wai လျှံ

play

ချစ်သူသက်တမ်း (၆)နှစ်ကျော် ရှိပြီဖြစ်တဲ့ Wai လျှံနဲ့ သန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ နိုဝင်ဘာ(၂၀)ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။
play

မင်္ဂလာဧည့်ခံပွဲကို ဆီဒိုးနားဟိုတယ်တွင် ညနေ(၄)နာရီမှ(၆)နာရီအထိ ကျင်းပသွားမှ ဖြစ်ပြီး အနုပညာအသိုင်း အဝိုင်းများမှ ဧည့်သည်များနဲ့ အခြားသော မိတ်ဆွေများကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
play

Wai လျှံနဲ့ သန့်စင်မွန်တို့ဟာ ဇူလိုင်(၉)ရက်နေ့က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားကြတာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
Photo : Wai လျှံ ဖေ့စ်ဘွတ်