နှစ်ကြိမ်တိုင်တိုင် အဓမ္မကျင့်ခံခဲ့ရဖူးတဲ့ West World မင်းသမီး

HBO ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ West World ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသမီးဟာ တစ်ချိန်တုန်းက နှစ်ကြိမ်တိုင်တိုင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခံခဲ့ရကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

" ကျွန်မ အဓမ္မကျင့်ခံခဲ့ရဖူးပါတယ်။ ကျွန်မရဲ့ ချစ်သူနဲ့ အတူရှိနေတုန်းက အဓမ္မကျင့်ခံခဲ့ရဖူးတယ်။ ပြီးတော့ ဘားဆိုင်ပိုင်ရှင်တစ်ယောက်ကလည်း အဓမ္မကျင့်ခဲ့တယ်" လို့ Rolling Stone ကို အီးမေးလ်ပေးပို့ကာ ပြောကြားခဲ့တာပါ။ သူမအနေနဲ့ ဆက်ပြီး တိတ်ဆိတ်မနေသင့်ဘူးလို့ ယုံကြည်တာကြောင့် မီဒီယာကတစ်ဆင့် အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။
play

အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် ရေချယ်ဝုဒ်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ နာမည်ရအောင်မြင်လာသူဖြစ်ပြီး လက်ရှိမှာလည်း West World သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းနဲ့ လူကြိုက်များနေပြန်ပါတယ်။ ၂၀၁၁ ခုနှစ်အထိ လိင်တူ၊လိင်ကွဲ နှစ်မျိုးလုံး စုံမက်သူအဖြစ် ဝန်ခံထားခဲ့ဖူးသူပါ။ ၂၀၁၂ ခုနှစ်မှာ အင်္ဂလိပ်သရုပ်ဆောင် ဂျေမီဘဲလ်နဲ့ လက်ထပ်ခဲ့ကာ ၂၀၁၄ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။
Source : People
Share on Google Plus

About Myanmar Magazine