3D Print နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Adidas ဖိနပ်

play

အားကစားအသုံးအဆောင် အမှတ်တံဆိပ် Adidas က ယနေ့ခေတ်မှာ ရေပန်းစားလာတဲ့ 3D Print နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ ဖိနပ်တွေကို မကြာခင်ရောင်းချတော့မှာပါ။အမေရိကန်ဒေါ်လာ ၃၃၃ (မြန်မာကျပ်ငွေ ၄၅၀,၀၀၀ ၀န်းကျင်)နဲ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။
play

3D Runner လို့ အမည်ပေးထားတဲ့ ဒီဖိနပ်တွေဟာ ၂၀၁၆ ရီယိုအိုလံပစ်မှာ ရွှေတံဆိပ်ဆုရှင်တွေကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ ဖိနပ်တွေရဲ့ဒီဇိုင်းကိုပဲ ပြန်လည်ထုတ်လုပ်ထားတာလို့ သိရပါတယ်။ အလယ်ဆိုးလ်ပြားမှာ သုံးထားတဲ့ အရာဝတ္ထုကို 3D Print နည်းပညာနဲ့ ထုတ်ထားခြင်းက 3D Runner ရဲ့ အဓိကထူးခြားချက်ပါပဲ။ ဒီဇင်ဘာ ၁၅ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး အရေအတွက်ကန့်သတ်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အဦးဆုံးအနေနဲ့ နယူးယော့ခ်၊ လန်ဒန်နဲ့ တိုကျိုမြို့တွေမှာပဲ ရောင်းဦးမှာပါ။
Source : Engadget
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.