ကယ်လီရောဘတ်နဲ့ ပရီယန်ကာချော်ပရာတို့ အလန်းဆုံးပါဝင်ထားတဲ့ Baywatch

play
ရိုက်ကူးရေးလုပ်နေစဉ်မှာပဲ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အဆက်မပြတ်ရရှိနေခဲ့တဲ့ Baywatch ဇာတ်ကားရဲ့ နမူနာဗီဒီယိုကတော့ စတင်ထွက်ရှိလာပါပြီ။ ကမ်းခြေကယ်ဆယ်ရေးအဖွဲ့ဝင်သစ် ဇက်အက်ဖရွန်ကို အဖွဲ့ခေါင်းဆောာင် ဒွိန်းက သိပ်ပြီးသဘောမတွေ့လှပါဘူး။ ဒါပေမဲ့ ပင်လယ်အော်ရဲ့အနာဂတ်ကို ခြိမ်းခြောက်လာတဲ့ မှုခင်းတစ်ခုကိုတော့ နှစ်ယောက်သား အတူပူးပေါင်းဖော်ထုတ်ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်သဘောအရဆိုတော့ မင်းသမီးတွေကို ခပ်လန်းလန်းလေး မြင်ရပါတယ်။

မင်းသားကြီး ဒွိန်းဂျွန်ဆင် (The Rock) နဲ့ ဆယ်ကျော်သက်တွေရဲ့အသည်းကျော် ဇက်အက်ဖရွန်တို့နဲ့အတူ ဆက်စီကျတဲ့ ကယ်လီရောဘတ်၊ ဘောလိဝုဒ်မင်းသမီး ပရီယန်ကာချော်ပရာ၊ အလက်ဇန္ဒြား ဒက်ဒါရီယိုတို့ အဓိကပါဝင်ထားကြပါတယ်။ ၂၀၁၇ မေလ ၂၆ ရက်မှာ စတင်ရုံတင်မယ်လို့ သိရပါတယ်။
Source : YouTube
Share on Google Plus

About Myanmar Magazine