ဆံပင်ညှပ်ရာမှ ဓားရှရာကြောင့်ဖြစ်လာတဲ့ ဧရာမအကြိတ်ကြီး



အမေရိကနိုင်ငံ Wisconsin ပြည်နယ် မီလ်ဝါကီးမြို့က Keith Crowell ဆိုသူမှာ "keloids" ခေါ် အမာရွတ်တစ်သျှူး လွန်ကဲစွာကြီးထွားမှုကနေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ပုံမှာမြင်ရသလို ချောမွေ့နူးညံ့ပျော့ပျောင်းတဲ့ အရေပြားစုပုံလာတဲ့ ရောဂါတစ်မျိုးဖြစ်ပေါ်တာပါ။

ဒီအသားပိုကြီးက သူ့ကို စိုးရိမ်မှုများစွာ ဖြစ်စေပြီး တစ်ခုတည်းသောဆန္ဒက ပုံမှန်လူတစ်ယောက်ဖြစ်ဖို့ပါပဲ သူက ပြောဆိုခဲ့ပါတယ်။ ဆံပင်ညှပ်ဆိုင်သွားရာကနေ ဆံပင်ညှပ်သမားက ဘေးဘက်နှစ်ဖက်စလုံးကို ဓားနဲ့ရိတ်လိုက်တဲ့အချိန် ဓားရှသွားတာကြောင့် ပြင်းထန်တဲ့တုံ့ပြန်မှု သူ ပြုလုပ်ခဲ့တယ်လို့ Crowell က Fox6.com ကိုပြောပြခဲ့ပါတယ်။

ဓားရှရာတွေ အနာမကျက်ဘဲ မျက်နှာနဲ့ လည်ပင်းမှာ အကြိတ်တွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ Keitth Crowell ဟာ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ရိတ်နေတုန်း ဓားရှပြီးနောက် လည်ပင်းမှာ ဧရာမအသားပို ရရှိခဲ့ပါတော့တယ်။ Keloids လို့လည်းသိရတဲ့ အဲဒီအကြိတ်ကြီးကို နှစ်ကြိမ်တိုင်တိုင် ဖယ်ရှားခဲ့ပေမယ့် ပိုလို့တောင် ကြီးထွားလာခဲ့ပါတယ်။ ခွဲစိတ်မှုနှစ်ခါစလုံးမှာ အသား ၄၀ ပေါင် ဖြတ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါက အတော်စိတ်ထိခိုက်စရာကောင်းပါတယ်။ တခါတရံ ဆိုးဆိုးရွားရွားခံစားရပါတယ်။ ညအိပ်၊ ထမင်းဝါးစားတာမှာ အတိဒုက္ခရောက်ရတယ်လို့ သူကဆိုပါတယ်။ အခုအခါ ဒီအကြိတ်ဖယ်ရှားဖို့ ၊ ခွဲစိတ်ကုသဖို့ အခွင့်အရေးရရှိနေပေမယ့် ဒီကိစ္စဟာ ခန္ဓာကိုယ်အလှအပအတွက် ခွဲစိတ်ပြုပြင်မှု ကဏ္ဍဘက်နဲ့ ဆက်စပ်နေတာကြောင့် သူ့ကျန်းမာရေးအာမခံထဲမှာတော့ ဒါက အကျုံးမဝင်ပါဘူး။

ဒီပြသနာ ဖြေရှင်းကုသပေးနိုင်တဲ့သူတစ်ဦးက နယူးယော့ခ်မှာရှိပါတယ်။ သူ ဒီပြသနာ ၉၆% ထိ ပျောက်ကင်းအောင် လုပ်ပေးနိုင်ပါတယ်။ သူတို့က ဒါဟာ အလှအပရေးရာဘက် ရောက်သွားပြီဆိုပြီး မိမိမေတ္တာရပ်ခံချက်ကို ပယ်ချခဲ့ပါတယ်။ မိမိအနေနဲ့ ဒါအလှအပနဲ့ မဆိုင်ဘူးလို့ ခံစားမိတယ်လို့ Crowell က ပြောဆိုခဲ့ပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.